1 ထိုပြည်တွင်အာဗြဟံလက်ထက်ကကဲ့သို့ အစာခေါင်းပါးခြင်းကပ်ဆိုက်ရောက်လာရာ ဣဇာက်သည်ဖိလိတ္တိဘုရင်အဘိမလက် နန်းစိုက်ရာဂေရာမြို့သို့သွားလေ၏။-
2 ထာဝရဘုရားသည်သူ့အားကိုယ်ထင်ပြ ၍``သင်သည်အီဂျစ်ပြည်သို့မသွားနှင့်။ ငါ ပြလတ္တံ့သောပြည်၌နေထိုင်လော့။-
3 ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။-
4 သင်၏အဆက်အနွယ်တို့ကိုကောင်းကင်ကြယ် ကဲ့သို့များပြားစေ၍ သူတို့အားဤဒေသ အားလုံးကိုပေးမည်။ သင်၏အဆက်အနွယ် တို့အားငါကောင်းချီးပေးသည့်နည်းတူ ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကလည်းငါ့ထံ မှကောင်းချီးကိုတောင်းလျှောက်ကြလိမ့် မည်။-
5 အာဗြဟံသည်ငါ၏စကားကိုနားထောင်၍ငါ ၏ပညတ်နှင့်အမိန့်ရှိသမျှတို့ကိုစောင့်ထိန်း သောကြောင့် ငါသည်သင့်အားကောင်းချီးပေး မည်'' ဟုမိန့်တော်မူ၏။
6 ထို့ကြောင့်ဣဇာက်သည်ဂေရာမြို့မှာနေထိုင်လေ၏။-
7 ထိုမြို့သားတို့က``သင်နှင့်ပါလာသောအမျိုး သမီးသည်မည်သူနည်း'' ဟုမေးကြသောအခါ သူ၏နှမဖြစ်သည်ဟုဖြေကြားလေသည်။ သူ ၏မယားဖြစ်သည်ဟုမဖော်ပြခြင်းမှာ ရေဗက္က သည်ရုပ်ရည်အလွန်လှသူဖြစ်သဖြင့် ထိုမြို့ သားတို့ကမိမိအားသတ်မည်ကိုဣဇာက် စိုးရိမ်သောကြောင့်ဖြစ်သည်။-