13 သူသည်စီးပွားတိုးတက်လာပြီးလျှင် အလွန်ကြွယ်ဝချမ်းသာလာလေသည်။-
14 သူ၌သိုးအုပ်၊ နွားအုပ်နှင့်အခြွေအရံများစွာရှိ ၍ ဖိလိတ္တိအမျိုးသားတို့သည်သူ့အားမနာ လိုကြသဖြင့်၊-
15 သူ၏အဖအာဗြဟံအသက်ရှင်စဉ်အဖ၏ အစေခံတို့တူးဖော်ခဲ့သောရေတွင်းရှိသမျှ တို့ကိုမြေဖို့ပစ်ကြလေ၏။
16 ထိုအခါအဘိမလက်ဘုရင်ကဣဇာက် အား``သင်သည်ငါတို့ထက်တန်ခိုးကြီးလာ ပြီဖြစ်၍ငါတို့ပြည်မှထွက်သွားလော့'' ဟု မိန့်တော်မူ၏။-
17 ထို့ကြောင့်ဣဇာက်သည်ထိုအရပ်မှထွက်ခဲ့ ပြီးလျှင် ဂေရာချိုင့်ဝှမ်းတွင်အတန်ကြာမျှ စခန်းချနေထိုင်လေသည်။-
18 အာဗြဟံလက်ထက်ကတူးဖော်ခဲ့၍အာဗြဟံ ကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့မြေဖို့ ခဲ့ကြသောရေတွင်းများကို သူသည်တစ်ဖန်တူး ဖော်၍ထိုရေတွင်းများကိုသူ၏ဖခင်မှည့်ခေါ် သောနာမည်များဖြင့်မှည့်ခေါ်လေ၏။-
19 ဣဇာက်၏အစေခံတို့သည်ထိုချိုင့်ဝှမ်း၌ရေ တွင်းသစ်တစ်တွင်းတူးရာရေထွက်လေ၏။-