24 ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
25 ဣဇာက်သည်ထိုအရပ်၌ယဇ်ပလ္လင်တည်ပြီး လျှင် ထာဝရဘုရားကိုတိုင်တည်၍ပတ္ထနာ ပြုလေ၏။ သူသည်ထိုအရပ်၌စခန်းချ၍ အစေခံတို့ကရေတွင်းတစ်တွင်းတူးကြ ပြန်သည်။
26 အဘိမလက်ဘုရင်သည်အတိုင်ပင်ခံအဟု ဇတ်နှင့်ဗိုလ်ချုပ်ဖိကောလတို့လိုက်ပါလျက် ဂေရာမြို့မှဣဇာက်ထံသို့ရောက်ရှိလာကြ ၏။-
27 ဣဇာက်က``သင်တို့သည်ယခင်ကအကျွန်ုပ် အားမုန်း၍ သင်တို့၏ပြည်မှနှင်ထုတ်ကြပြီး မှ အဘယ်ကြောင့်ယခုအကျွန်ုပ်ထံသို့လာ ကြသနည်း'' ဟုမေးလေ၏။
28 သူတို့က``ထာဝရဘုရားသည်သင်နှင့်အတူ ရှိကြောင်း ယခုငါတို့သိရပြီဖြစ်၍ ငါတို့ အချင်းချင်းကတိသစ္စာထားကြပါစို့။-
29 ငါတို့ကသင့်အားရန်ဖက်မပြုဘဲ သင်တို့အား ကြင်နာ၍အေးချမ်းစွာထွက်သွားစေသည့်နည်း တူ သင်ကငါတို့အားလည်းရန်ဖက်မပြုပါဟု ကတိပြုပါလော့။ ထာဝရဘုရားသည်သင့် အားကောင်းချီးပေးတော်မူကြောင်းသိသာထင် ရှားပါသည်'' ဟုဆို၏။-
30 ဣဇာက်သည်စားသောက်ပွဲကိုပြင်ဆင်၍ သူ တို့အားလုံးအတူတကွစားသောက်ကြ လေသည်။-