7 ထိုမြို့သားတို့က``သင်နှင့်ပါလာသောအမျိုး သမီးသည်မည်သူနည်း'' ဟုမေးကြသောအခါ သူ၏နှမဖြစ်သည်ဟုဖြေကြားလေသည်။ သူ ၏မယားဖြစ်သည်ဟုမဖော်ပြခြင်းမှာ ရေဗက္က သည်ရုပ်ရည်အလွန်လှသူဖြစ်သဖြင့် ထိုမြို့ သားတို့ကမိမိအားသတ်မည်ကိုဣဇာက် စိုးရိမ်သောကြောင့်ဖြစ်သည်။-
8 ဣဇာက်သည်ထိုမြို့တွင်အတန်ကြာနေထိုင်ပြီး နောက်၊ တစ်နေ့တွင်အဘိမလက်ဘုရင်ကြီးသည် ပြူတင်းပေါက်မှအပြင်သို့ကြည့်လိုက်ရာ ဣဇာက် နှင့်ရေဗက္ကတို့ချစ်ကျွမ်းဝင်နေကြသည်ကိုမြင် ရလေသည်။-
9 အဘိမလက်သည်ဣဇာက်ကိုခေါ်၍``သူသည် စင်စစ်သင်၏မယားဖြစ်၏။ အဘယ်ကြောင့် သင်၏နှမဟုပြောရသနည်း'' ဟုမေး၏။ဣဇာက်က``သူသည်ကျွန်ုပ်၏မယားဖြစ်သည် ဟုပြောလျှင်အသတ်ခံရမည်ကိုစိုးရိမ်မိ ပါသည်'' ဟုလျှောက်လေ၏။
10 အဘိမလက်က``သင်သည်ငါတို့အားအဘယ် သို့ပြုမူသနည်း။ ငါ၏လူတစ်ယောက်ယောက်က သင်၏မယားနှင့်အကြောင်းမသိဘဲပြစ်မှား မိလျှင် သင့်ကြောင့်ငါတို့အပြစ်ကူးလွန်ရာ ရောက်ပေမည်'' ဟုဆိုလေသည်။-
11 ထိုနောက်အဘိမလက်က``ဤသူကိုသော်လည်း ကောင်း၊ သူ၏မယားကိုသော်လည်းကောင်းမ တရားသဖြင့်ပြုသောသူအားသေဒဏ်သင့် စေမည်'' ဟုပြည်သားတို့အားသတိပေးလေ၏။
12 ဣဇာက်သည်ထိုပြည်တွင်နေထိုင်စဉ် ကောက်ပဲ သီးနှံစိုက်ပျိုးလုပ်ကိုင်ရာ ထာဝရဘုရား သည်သူ့အားကောင်းချီးပေးသဖြင့် ထိုနှစ် တွင်အဆတစ်ရာမျှသောအသီးအနှံကို ရိတ်သိမ်းရသည်။-
13 သူသည်စီးပွားတိုးတက်လာပြီးလျှင် အလွန်ကြွယ်ဝချမ်းသာလာလေသည်။-