ကမ္ဘာ​ဦး 26:8-14 BCL

8 ဣ​ဇာက်​သည်​ထို​မြို့​တွင်​အ​တန်​ကြာ​နေ​ထိုင်​ပြီး နောက်၊ တစ်​နေ့​တွင်​အ​ဘိ​မ​လက်​ဘု​ရင်​ကြီး​သည် ပြူ​တင်း​ပေါက်​မှ​အ​ပြင်​သို့​ကြည့်​လိုက်​ရာ ဣ​ဇာက် နှင့်​ရေ​ဗက္က​တို့​ချစ်​ကျွမ်း​ဝင်​နေ​ကြ​သည်​ကို​မြင် ရ​လေ​သည်။-

9 အ​ဘိ​မ​လက်​သည်​ဣ​ဇာက်​ကို​ခေါ်​၍``သူ​သည် စင်​စစ်​သင်​၏​မ​ယား​ဖြစ်​၏။ အ​ဘယ်​ကြောင့် သင်​၏​နှ​မ​ဟု​ပြော​ရ​သ​နည်း'' ဟု​မေး​၏။ဣ​ဇာက်​က``သူ​သည်​ကျွန်ုပ်​၏​မ​ယား​ဖြစ်​သည် ဟု​ပြော​လျှင်​အ​သတ်​ခံ​ရ​မည်​ကို​စိုး​ရိမ်​မိ ပါ​သည်'' ဟု​လျှောက်​လေ​၏။

10 အ​ဘိ​မ​လက်​က``သင်​သည်​ငါ​တို့​အား​အ​ဘယ် သို့​ပြု​မူ​သ​နည်း။ ငါ​၏​လူ​တစ်​ယောက်​ယောက်​က သင်​၏​မ​ယား​နှင့်​အ​ကြောင်း​မ​သိ​ဘဲ​ပြစ်​မှား မိ​လျှင် သင့်​ကြောင့်​ငါ​တို့​အ​ပြစ်​ကူး​လွန်​ရာ ရောက်​ပေ​မည်'' ဟု​ဆို​လေ​သည်။-

11 ထို​နောက်​အ​ဘိ​မ​လက်​က``ဤ​သူ​ကို​သော်​လည်း ကောင်း၊ သူ​၏​မ​ယား​ကို​သော်​လည်း​ကောင်း​မ တ​ရား​သ​ဖြင့်​ပြု​သော​သူ​အား​သေ​ဒဏ်​သင့် စေ​မည်'' ဟု​ပြည်​သား​တို့​အား​သ​တိ​ပေး​လေ​၏။

12 ဣ​ဇာက်​သည်​ထို​ပြည်​တွင်​နေ​ထိုင်​စဉ် ကောက်​ပဲ သီး​နှံ​စိုက်​ပျိုး​လုပ်​ကိုင်​ရာ ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​ကောင်း​ချီး​ပေး​သ​ဖြင့် ထို​နှစ် တွင်​အ​ဆ​တစ်​ရာ​မျှ​သော​အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​ရ​သည်။-

13 သူ​သည်​စီး​ပွား​တိုး​တက်​လာ​ပြီး​လျှင် အ​လွန်​ကြွယ်​ဝ​ချမ်း​သာ​လာ​လေ​သည်။-

14 သူ​၌​သိုးအုပ်၊ နွားအုပ်​နှင့်​အ​ခြွေ​အ​ရံ​များ​စွာ​ရှိ ၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​သူ့​အား​မ​နာ လို​ကြ​သ​ဖြင့်၊-