ကမ္ဘာ​ဦး 27:1-5 BCL

1 ဣ​ဇာက်​သည်​အို​မင်း​လာ​၍​မျက်​စိ​မ​မြင်​တော့ ချေ။ သူ​သည်​သား​အ​ကြီး​ဧ​သော​ကို``သား'' ဟု​ခေါ်​လျှင်​ဧ​သော​က၊``ရှိ​ပါ​သည်​အ​ဖ'' ဟု​ပြန်​ဖြေ​၏။

2 ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သည်​ယ​ခု​အို​လှ​ပြီ။ မ​ကြာ​မီ​သေ​ရ​မည်။-

3 သင်​သည်​လေး​နှင့်​မြား​ကို​ယူ​၍​တော​ထဲ​သို့ သွား​ပြီး​လျှင် ငါ့​အ​တွက်​အ​မဲ​ရှာ​ဖွေ​ခဲ့​ပါ။-

4 ငါ​ကြိုက်​နှစ်​သက်​သော​အ​မဲ​ဟင်း​လျာ​ကို​ချက် ၍​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ။ ထို​ဟင်း​ကို​ငါ​စား​ပြီး လျှင်​ငါ​မ​သေ​မီ​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​မှာ​ကြား​လေ​သည်။

5 ဣ​ဇာက်​က​ဧ​သော​အား ထို​သို့​မှာ​ကြား​နေ​စဉ် ရေ​ဗက္က​သည်​နား​ထောင်​လျက်​ရှိ​၏။ ထို့​ကြောင့် ဧသော​အ​မဲ​ပစ်​ထွက်​သွား​သော​အ​ခါ၊-