ကမ္ဘာ​ဦး 27:4-10 BCL

4 ငါ​ကြိုက်​နှစ်​သက်​သော​အ​မဲ​ဟင်း​လျာ​ကို​ချက် ၍​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ။ ထို​ဟင်း​ကို​ငါ​စား​ပြီး လျှင်​ငါ​မ​သေ​မီ​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​မှာ​ကြား​လေ​သည်။

5 ဣ​ဇာက်​က​ဧ​သော​အား ထို​သို့​မှာ​ကြား​နေ​စဉ် ရေ​ဗက္က​သည်​နား​ထောင်​လျက်​ရှိ​၏။ ထို့​ကြောင့် ဧသော​အ​မဲ​ပစ်​ထွက်​သွား​သော​အ​ခါ၊-

6 ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အ​ဖ က​ဧ​သော​အား၊-

7 `အ​မဲ​ပစ်​၍​ငါ့​အ​တွက်​ဟင်း​ချက်​ခဲ့​ပါ။ ငါ စား​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင့် အား​ငါ​မ​သေ​မီ​ကောင်း​ချီး​ပေး​မည်' ဟု​မှာ ကြား​သည်​ကို​ငါ​ကြား​ပြီ။-

8 သို့​ဖြစ်​၍​ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင် ၍​ငါ​ပြော​သ​မျှ​အ​တိုင်း​ပြု​လုပ်​လော့။-

9 ဆိတ်​အုပ်​ရှိ​ရာ​သို့​သွား​ပြီး​လျှင် ဆူ​ဖြိုး​သော ဆိတ်​ငယ်​နှစ်​ကောင်​ကို​ရွေး​ယူ​ခဲ့​လော့။ ငါ​သည် သင့်​ဖ​ခင်​ကြိုက်​နှစ်​သက်​သော​ဟင်း​ကို​ချက် ပေး​မည်။-

10 ထို​အ​မဲ​ဟင်း​ကို​သူ့​ထံ​သို့​ယူ​သွား​လော့။ သူ မ​သေ​မီ သင့်​အား​ကောင်း​ချီး​ပေး​လိမ့်​မည်'' ဟု ဆို​လေ​၏။