ကမ္ဘာ​ဦး 28:12-18 BCL

12 ထို​သို့​အိပ်​နေ​စဉ်​အိပ်​မက်​ထဲ​၌​မြေ​ပြင်​မှ​မိုး ကောင်း​ကင်​သို့​တိုင်​အောင်​ထောင်​လျက်​ရှိ​သော လှေ​ကား​ပေါ်​တွင် ကောင်း​ကင်​တ​မန်​များ​တက် လျက်​ဆင်း​လျက်​ရှိ​သည်​ကို​မြင်​ရ​၏။-

13 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​နီး​တွင် ရပ်​နေ​သည်​ကို​မြင်​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​တို့​၏​ဘု​ရား​တည်း​ဟူ သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​ယ​ခု​နား​နေ ရာ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်။-

14 သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-

15 ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင်​သွား​ရာ အ​ရပ်​၌​သင့်​ကို​စောင့်​ရှောက်​မည်။ သင့်​ကို​ဤ ပြည်​သို့​တစ်​ဖန်​ပို့​ဆောင်​ဦး​မည်။ ငါ​သည်​သင့် အား​ထား​သော​ကတိ​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​မီ​သင့်​ကို​စွန့်​ပစ်​၍​မ​ထား'' ဟု​မိန့်​တော် မူ​၏။

16 ထို​နောက်​ယာ​ကုပ်​သည်​အိပ်​ရာ​မှ​နိုး​၍``ထာ​ဝ​ရ ဘု​ရား​သည်​စင်​စစ်​ဤ​အ​ရပ်​၌​ရှိ​တော်​မူ​၏။ ရှိ တော်​မူ​ကြောင်း​ငါ​မ​သိ​ပါ​တ​ကား'' ဟု​ဆို လေ​၏။-

17 သူ​သည်​ကြောက်​ရွံ့​လျက်``ဤ​အ​ရပ်​သည်​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ရပ်​ဖြစ်​ပါ​သည်​တ​ကား။ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဗိ​မာန်​ကောင်း​ကင်​ဘုံ တံ​ခါး​ဝ​ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။

18 ယာ​ကုပ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော အိပ်​ရာ​မှ နိုး​ထ​၍​သူ​ခေါင်း​အုံး​သော​ကျောက်​တုံး​ကို​ယူ​ပြီး လျှင် မှတ်​တိုင်​အ​ဖြစ်​စိုက်​ထူ​လေ​သည်။ ထို​နောက်​မှတ် တိုင်​ပေါ်​တွင်​သံ​လွင်​ဆီ​လောင်း​လျက် ထို​မှတ်​တိုင် ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​လေ​၏။-