17 သူသည်ကြောက်ရွံ့လျက်``ဤအရပ်သည်ကြောက်မက် ဖွယ်ကောင်းသောအရပ်ဖြစ်ပါသည်တကား။ ဘုရားသခင်ကျိန်းဝပ်တော်မူရာဗိမာန်ကောင်းကင်ဘုံ တံခါးဝပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
18 ယာကုပ်သည်နောက်တစ်နေ့နံနက်စောစော အိပ်ရာမှ နိုးထ၍သူခေါင်းအုံးသောကျောက်တုံးကိုယူပြီး လျှင် မှတ်တိုင်အဖြစ်စိုက်ထူလေသည်။ ထိုနောက်မှတ် တိုင်ပေါ်တွင်သံလွင်ဆီလောင်းလျက် ထိုမှတ်တိုင် ကိုဘုရားသခင်အားဆက်ကပ်လေ၏။-
19 ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
20 ထိုနောက်ယာကုပ်ကထာဝရဘုရားအား ``ကိုယ်တော်ရှင်သည်အကျွန်ုပ်နှင့်အတူရှိ၍ အကျွန်ုပ်သွားရမည့်ခရီး၌စောင့်ရှောက်လျက် အစားအစာနှင့်အဝတ်ကိုပေးသနားတော် မူပြီးလျှင်၊-
21 အကျွန်ုပ်ဖခင်အိမ်သို့ချောမောစွာပြန်လည်ပို့ ဆောင်တော်မူပါကကိုယ်တော်ရှင်သည်အကျွန်ုပ် ဘုရားဖြစ်တော်မူမည်။-
22 အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။