ကမ္ဘာ​ဦး 29:1-5 BCL

1 ယာ​ကုပ်​သည်​အ​ရှေ့​ပြည်​သို့​ရှေ့​ရှု​၍​ခ​ရီး​ဆက် ခဲ့​လေ​သည်။-

2 ထို​ပြည်​သို့​ရောက်​သော​အ​ခါ​လယ်​ကွင်း​ထဲ​၌​သိုး စု​သုံး​စု​ဝိုင်း​ရံ​လျက်​ရှိ​သော​ရေ​တွင်း​တစ်​တွင်း​ကို မြင်​ရ​လေ​သည်။ ထို​သို့​ဝိုင်း​ရံ​ရ​ခြင်း​မှာ​သိုး​စု​များ ကို​ထို​ရေ​တွင်း​မှ​ရေ​တိုက်​ရ​ခြင်း​ကြောင့်​ဖြစ်​၏။ ရေ တွင်း​အ​ဝ​ကို​ကျောက်​တုံး​ကြီး​ဖြင့်​ပိတ်​ထား​သည်။-

3 သိုး​စု​များ​ရေ​တွင်း​အ​နား​သို့​ရောက်​ရှိ​လာ​ကြ သော​အ​ခါ​မှ​သာ သိုး​ထိန်း​တို့​သည်​ထို​ကျောက် တုံး​ကို​ရွှေ့​၍​သိုး​များ​ကို​ရေ​တိုက်​လေ့​ရှိ​ကြ​၏။ ထို​နောက်​သူ​တို့​သည် ကျောက်​တုံး​ကို​ရေ​တွင်း​ဝ ပေါ်​သို့​ပြန်​တင်​ထား​လေ့​ရှိ​ကြ​၏။

4 ယာ​ကုပ်​က​သိုး​ထိန်း​တို့​အား``အ​ဆွေ​တို့၊ သင် တို့​အ​ဘယ်​အ​ရပ်​က​လာ​ကြ​သ​နည်း'' ဟု​မေး သော်၊``ခါ​ရန်​မြို့​က​လာ​ကြ​ပါ​သည်'' ဟု​ဖြေ​ကြ​၏။

5 တစ်​ဖန်​ယာ​ကုပ်​က``နာ​ခေါ်​၏​သား​လာ​ဗန်​ဆို သူ​ကို​သိ​ပါ​သ​လော'' ဟု​မေး​၏။``သိ​ပါ​သည်'' ဟု​ပြန်​ဖြေ​ကြ​၏။