ကမ္ဘာ​ဦး 29:12-18 BCL

12 သူ​က``ငါ​သည်​ရေ​ဗက္က​၏​သား၊ သင့်​ဖ​ခင်​၏ ဆွေ​မျိုး​ရင်း​ချာ​ဖြစ်​သည်'' ဟု​ရာ​ခေ​လ​အား ပြော​လေ​၏။ရာ​ခေ​လ​သည်​ပြေး​၍​ဖခင်​အား​ထို​အ​ကြောင်း ကို​ပြော​ပြ​လေ​၏။-

13 လာ​ဗန်​သည်​သူ​၏​တူ​ယာ​ကုပ်​၏​သ​တင်း​ကို ကြား​ရ​လျှင်​ပြေး​၍ သူ့​အား​ဆီး​ကြို​ဖက်​ယမ်း နမ်း​ရှုပ်​ပြီး​လျှင်​နေ​အိမ်​သို့​ခေါ်​ဆောင်​ခဲ့​လေ သည်။ ယာ​ကုပ်​က​ဖြစ်​ခဲ့​သ​မျှ​အ​ကြောင်း​ကို အ​ကုန်​အ​စင်​ပြော​ပြ​သော​အ​ခါ၊-

14 လာ​ဗန်​က``သင်​သည်​ငါ​၏​သွေး​ရင်း​သား​ရင်း ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။ ယာ​ကုပ် သည်​လည်း​ဦး​ရီး​အိမ်​တွင်​တစ်​လ​ကြာ​မျှ​နေ ထိုင်​လေ​သည်။

15 လာ​ဗန်​က​ယာ​ကုပ်​အား``သင်​သည်​ငါ​၏​ဆွေ​မျိုး ဖြစ်​သော​ကြောင့် ငါ့​အ​တွက်​အ​ခ​မဲ့​လုပ်​ကိုင်​မ ပေး​သင့်။ သင်​လို​ချင်​သည့်​အ​ခ​ကို​တောင်း​လော့'' ဟု​ဆို​လေ​၏။-

16 လာ​ဗန်​တွင်​သ​မီး​နှစ်​ယောက်​ရှိ​၏။ သ​မီး အ​ကြီး​၏​နာ​မည်​သည်​လေ​အာ​ဖြစ်​၍ သ​မီး​အ​ငယ်​၏​နာ​မည်​မှာ​ရာ​ခေ​လ​ဖြစ်​၏။-

17 လေ​အာ​သည်​မျက်​လုံး​မျက်​ဖန်​လှ​၏။ ရာ​ခေ​လ မူ​ကား​ကိုယ်​လုံး​ကိုယ်​ပေါက်​လှ​၍​ရှု​ချင်​ဖွယ် ကောင်း​၏။

18 ယာ​ကုပ်​သည်​ရာ​ခေ​လ​ကို​ချစ်​သ​ဖြင့်``ရာ​ခေ​လ နှင့်​ထိမ်း​မြား​ပေး​မည်​ဆို​လျှင်​ဦး​ရီး​ထံ​၌​ခု​နစ် နှစ်​အ​လုပ်​လုပ်​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။