5 တစ်ဖန်ယာကုပ်က``နာခေါ်၏သားလာဗန်ဆို သူကိုသိပါသလော'' ဟုမေး၏။``သိပါသည်'' ဟုပြန်ဖြေကြ၏။
6 နောက်တစ်ဖန်ယာကုပ်က``သူကျန်းမာပါ သလော'' ဟုမေး၏။သူတို့က``ကျန်းမာပါ၏။ ယခုပင်သူ၏သမီး ရာခေလသည်သိုးအုပ်နှင့်အတူလာနေပြီ'' ဟုဆိုကြ၏။
7 ယာကုပ်က``ယခုနေမြင့်သေးသဖြင့်သိုးအုပ် များကိုသိမ်းသွင်းရန်အချိန်မရောက်သေး။ သင် တို့သည်သိုးများကိုရေတိုက်ပြီးလျှင် စား ကျက်သို့ပြန်၍ပို့ဦးလော့'' ဟုပြောလေ၏။
8 ထိုအခါသူတို့က``ကျွန်ုပ်တို့ထိုသို့မပြု လုပ်နိုင်ပါ။ သိုးအုပ်အားလုံးဤအရပ်သို့ ရောက်ရှိ၍ကျောက်တုံးကိုရွှေ့ပြီးမှသိုးတို့ ကိုရေတိုက်ရပါသည်'' ဟုပြန်ဖြေကြ၏။
9 ယာကုပ်သည်သိုးကျောင်းသားတို့နှင့်စကား ပြောဆိုနေစဉ်ဖခင်၏သိုးတို့ကိုထိန်းကျောင်း ရသောရာခေလသည်သိုးအုပ်နှင့်အတူလာ နေ၏။-
10 ယာကုပ်သည်သူ၏ဦးရီးလာဗန်သိုးအုပ် နှင့်အတူရာခေလရောက်ရှိလာသောအခါ ရေတွင်းသို့သွား၍ကျောက်တုံးကိုရွှေ့ဖယ်ပြီး လျှင်လာဗန်၏သိုးတို့ကိုရေတိုက်လေ၏။-
11 ထိုနောက်သူသည်ရာခေလကိုနမ်း၍ ဝမ်း သာသောကြောင့်ငိုကြွေးလေ၏။-