ကမ္ဘာ​ဦး 3:1-4 BCL

1 မြွေ​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ဖန်​ဆင်း တော်​မူ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့​တွင် အ​စဉ်း​လဲ​ဆုံး သတ္တ​ဝါ​ဖြစ်​၏။ ``ဘု​ရား​သ​ခင်​က​ဥ​ယျာဉ်​ထဲ ရှိ​အ​ပင်​များ​မှ​အ​သီး​ကို​မ​စား​ရ​ဟု အ​မှန် ပင်​ပညတ်​ထား​ပါ​သ​လော'' ဟူ​၍​မြွေ​က မိန်း​မ​အား​မေး​၏။

2 မိန်း​မ​က``ငါ​တို့​သည်​ဥ​ယျာဉ်​ထဲ​ရှိ​အ​ပင် များ​၏​အ​သီး​ကို​စား​နိုင်​၏။-

3 သို့​ရာ​တွင်​ဥ​ယျာဉ်​အ​လယ်​၌​ရှိ​သော​အ​ပင်​၏ အ​သီး​ကို​မူ​ကား​မ​စား​ရ။ ကိုင်​ပင်​မ​ကိုင်​ရ။ ကိုင်​မိ​စား​မိ​လျှင်​သေ​ရ​ကြ​မည်​ဟု ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ရှိ​မူ​၏'' ဟူ​၍​ပြန်​ဖြေ​၏။

4 ထို​အ​ခါ​မြွေ​က``မ​ဟုတ်​နိုင်​ပါ။ သင်​တို့​သေ မည်​မ​ဟုတ်။-