ကမ္ဘာ​ဦး 30:13-19 BCL

13 လေ​အာ​က``ငါ​၌​မင်္ဂ​လာ​ရှိ​၏။ အ​ခြား​သော မိန်း​မ​တို့​က​ငါ့​အား​မင်္ဂလာ​ရှိ​သူ​ဟု​ခေါ်​ကြ လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​အာ​ရှာ နာ​မည်​ဖြင့်​မှည့်​လေ​သည်။

14 ဂျုံ​စ​ပါး​ရိတ်​သိမ်း​ချိန်​၌​ရုဗင်​သည်​လယ်​ထဲ​သို့ သွား​ရာ​၌ အ​နု​ဆေး​သီး​ကို​တွေ့​သ​ဖြင့်​မိ​ခင် လေ​အာ​ထံ​သို့​ယူ​ခဲ့​သည်။ ရာ​ခေ​လ​က​လေ​အာ အား``သင့်​သား​ယူ​ခဲ့​သော​အ​နု​ဆေး​သီး​အ​ချို့ ကို​ပေး​ပါ'' ဟု​တောင်း​လေ​၏။

15 လေ​အာ​က``သင်​သည်​ငါ​၏​လင်​ယောကျာ်း​ကို​ယူ​ရုံ ဖြင့်​အား​မ​ရ​ဘဲ ယ​ခု​ငါ့​သား​၏​အ​နု​ဆေး​သီး ကို​ယူ​ချင်​ပြန်​ပြီ​လော'' ဟု​ဆို​လေ​၏။ရာ​ခေ​လ​က``သင့်​သား​၏​အ​နု​ဆေး​ပင်​များ​ကို ပေး​လျှင် သင်​သည်​ယ​နေ့​ည​ယာ​ကုပ်​နှင့်​အ​တူ အိပ်​နိုင်​သည်'' ဟု​ပြန်​ပြော​လေ​၏။

16 ည​နေ​ခင်း​၌​ယာ​ကုပ်​လယ်​ထဲ​မှ​ပြန်​လာ​သော အ​ခါ လေ​အာ​သည်​ဆီး​ကြို​၍``ကျွန်​မ​၏​သား​ရ ခဲ့​သော​အ​နု​ဆေး​သီး​ကို​ရာ​ခေ​လ​အား​ပေး သ​ဖြင့် ရှင်​ကျွန်​မ​နှင့်​အ​တူ​ယ​နေ့​ည​အိပ်​ရ​မည်'' ဟု​ပြော​ရာ​ထို​ည​၌​ယာ​ကုပ်​သည်​လေ​အာ​နှင့် အိပ်​လေ​၏။

17 ဘု​ရား​သ​ခင်​သည်​လေ​အာ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​သည်​ကိုယ်​ဝန်​ဆောင် ၍​ပဉ္စမ​သား​ကို​ဖွား​မြင်​လေ​သည်။-

18 ထို​အ​ခါ​လေ​အာ​က``ငါ​သည်​ငါ​၏​ကျွန်​မ ကို​လင်​ယောကျာ်း​အား​ပေး​အပ်​သော​ကြောင့် ဘု​ရား​သ​ခင်​က​ငါ့​အား​ဆု​ချ​တော်​မူ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​သ​ခါ​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-

19 တစ်​ဖန်​လေ​အာ​သည်​ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ သား​ကို​ဖွား​မြင်​သည်။-