ကမ္ဘာ​ဦး 30:17-23 BCL

17 ဘု​ရား​သ​ခင်​သည်​လေ​အာ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​သည်​ကိုယ်​ဝန်​ဆောင် ၍​ပဉ္စမ​သား​ကို​ဖွား​မြင်​လေ​သည်။-

18 ထို​အ​ခါ​လေ​အာ​က``ငါ​သည်​ငါ​၏​ကျွန်​မ ကို​လင်​ယောကျာ်း​အား​ပေး​အပ်​သော​ကြောင့် ဘု​ရား​သ​ခင်​က​ငါ့​အား​ဆု​ချ​တော်​မူ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​သ​ခါ​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-

19 တစ်​ဖန်​လေ​အာ​သည်​ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ သား​ကို​ဖွား​မြင်​သည်။-

20 ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည်​ငါ့​အား လက်​ဆောင်​ကောင်း​ကို​ပေး​သ​နား​တော်​မူ​ပြီ။ ငါ သည်​သား​ခြောက်​ယောက်​ကို​ဖွား​မြင်​ပေး​သ​ဖြင့် ယ​ခု​ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​ကို​မြတ်​နိုး လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​ဇာ​ဗု​လုန် ဟူ​၍​နာ​မည်​မှည့်​လေ​၏။-

21 ထို​နောက်​သူ​သည်​သ​မီး​တစ်​ယောက်​ကို​ဖွား​မြင် သ​ဖြင့်​ဒိ​န​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။

22 ဘု​ရား​သ​ခင်​သည်​ရာ​ခေ​လ​ကို​သ​တိ​ရ​၍ သူ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သား​သ​မီး​ဖွား​ခွင့်​ကို​ပေး​တော်​မူ​၏။-

23 သူ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ်​ယောက်​ကို​ဖွား မြင်​လေ​၏။ ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည် ငါ့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ခြင်း​ဖြင့် ငါ​ကဲ့​ရဲ့​ခံ​ရ​ခြင်း​ကို​ဖယ်​ရှား​တော်​မူ​ပြီ။-