9 လေအာသည်လည်းမိမိ၌သားဖွားခြင်းရပ်ဆိုင်း သွားကြောင်းသိမြင်ရသောအခါ သူ၏ကျွန်မ ဇိလပကိုယာကုပ်အားမယားအဖြစ်ပေး အပ်လေသည်။-
10 သို့ဖြစ်၍ဇိလပသည်ယာကုပ်နှင့်သားတစ် ယောက်ကိုရလေ၏။-
11 ထိုနောက်လေအာက``ငါ၌ကောင်းကျိုးဆိုက် ရောက်လာပြီ'' ဟုဆိုလျက်ထိုသားကိုဂဒ် နာမည်ဖြင့်မှည့်လေ၏။-
12 တစ်ဖန်ဇိလပသည်ယာကုပ်နှင့်သား တစ်ယောက်ရပြန်သော်၊-
13 လေအာက``ငါ၌မင်္ဂလာရှိ၏။ အခြားသော မိန်းမတို့ကငါ့အားမင်္ဂလာရှိသူဟုခေါ်ကြ လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုအာရှာ နာမည်ဖြင့်မှည့်လေသည်။
14 ဂျုံစပါးရိတ်သိမ်းချိန်၌ရုဗင်သည်လယ်ထဲသို့ သွားရာ၌ အနုဆေးသီးကိုတွေ့သဖြင့်မိခင် လေအာထံသို့ယူခဲ့သည်။ ရာခေလကလေအာ အား``သင့်သားယူခဲ့သောအနုဆေးသီးအချို့ ကိုပေးပါ'' ဟုတောင်းလေ၏။
15 လေအာက``သင်သည်ငါ၏လင်ယောကျာ်းကိုယူရုံ ဖြင့်အားမရဘဲ ယခုငါ့သား၏အနုဆေးသီး ကိုယူချင်ပြန်ပြီလော'' ဟုဆိုလေ၏။ရာခေလက``သင့်သား၏အနုဆေးပင်များကို ပေးလျှင် သင်သည်ယနေ့ညယာကုပ်နှင့်အတူ အိပ်နိုင်သည်'' ဟုပြန်ပြောလေ၏။