11 အိပ်မက်ထဲတွင်ဘုရားသခင်၏ကောင်းကင် တမန်က`ယာကုပ်' ဟုခေါ်လျှင်ငါက`ရှိပါ သည်အရှင်' ဟုထူးသော်၊-
12 ကောင်းကင်တမန်က`သင့်အားလာဗန်ပြုမူ သမျှတို့ကိုငါမြင်ရသဖြင့် မိတ်လိုက်နေ သောဆိတ်အထီးအားလုံးတို့သည် အကွက်၊ အပြောက်အကျားများပါရှိစေရန်ငါ စီရင်ပြီ။-
13 ငါသည်ကားဗေသလအရပ်၌သင်ကျောက် တုံးကိုမှတ်တိုင်အဖြစ်တည်၍ သံလွင်ဆီ လောင်းလျက်ဆက်ကပ်ပြီးလျှင်ငါ့အားသစ္စာ ပြုသောအခါ သင်ရူပါရုံတွင်မြင်ရသော ဘုရားဖြစ်တော်မူ၏။ သင်သည်ဤပြည်မှ ထွက်၍သင်၏နေရင်းပြည်သို့ပြန်ရန်ယခု ပြင်ဆင်လော့' ဟုငါ့အားမိန့်တော်မူလေ သည်'' ဟုဆို၏။
14 ရာခေလနှင့်လေအာတို့က``ကျွန်မတို့သည် ဖခင်ထံမှအမွေရစရာမရှိတော့ပါ။-
15 ဖခင်သည်ကျွန်မတို့အားသူစိမ်းများကဲ့သို့ ဆက်ဆံပါသည်။ ကျွန်မတို့ကိုရောင်းစား၍ရ သမျှငွေကိုသုံးစွဲခဲ့လေပြီ။-
16 ကျွန်မတို့၏ဖခင်ထံမှဘုရားသခင်သိမ်းယူ တော်မူသောဥစ္စာပစ္စည်းရှိသမျှတို့ကို ကျွန်မ တို့၏သားသမီးများပိုင်ပါသည်။ ဘုရားသခင် မိန့်မှာတော်မူသည့်အတိုင်းဆောင်ရွက်ပါလော့'' ဟုယာကုပ်အားပြောကြ၏။
17-18 သို့ဖြစ်၍ယာကုပ်သည်မိမိ၏ဖခင်ရှိရာ ခါနာန်ပြည်သို့ပြန်ရန်ပြင်ဆင်လေသည်။ သူ ၏သားသမီးနှင့်မယားတို့ကိုကုလားအုတ် များပေါ်တွင်စီးစေ၏။ သူသည်မက်ဆိုပိုတေး မီးယားပြည်၌ရရှိခဲ့သမျှသောဥစ္စာပစ္စည်း များကိုယူဆောင်လျက် မိမိ၏သိုးအုပ်၊ ဆိတ် အုပ်များကိုမောင်းနှင်လာခဲ့လေသည်။-