ကမ္ဘာ​ဦး 31:34-40 BCL

34 ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ကု​လား​အုတ်​ကုန်း​နှီး​အိတ်​ထဲ​၌​ထည့်​ထား ၍ ထို​အိတ်​ပေါ်​တွင်​ထိုင်​နေ​၏။ လာ​ဗန်​သည်​တဲ တစ်​တဲ​လုံး​တွင်​ရှာ​ပါ​သော်​လည်း​ရုပ်​တု​များ ကို​မ​တွေ့​ရ​ချေ။-

35 ရာ​ခေ​လ​က​လည်း``ကျွန်​မ​သည်​မိန်း​မ​တို့​၏ ဋ္ဌမ္မ​တာ​ဖြစ်​ပေါ်​နေ​ချိန်​ဖြစ်​၍​ဖ​ခင်​၏​ရှေ့​မှာ မတ်​တပ်​မ​ရပ်​နိုင်​သည်​ကို​သည်း​ခံ​ခွင့်​လွှတ် ပါ'' ဟု​ဆို​လေ​၏။ လာ​ဗန်​သည်​ဘု​ရား​ရုပ်​တု များ​ကို​ရှာ​သော်​လည်း​မ​တွေ့​ရ​ချေ။

36 ထို​အ​ခါ​ယာ​ကုပ်​သည်​ဒေါ​သ​ထွက်​လျက်``ကျွန်ုပ် သည်​အ​ဘယ်​အပြစ်​ကို​ကူး​လွန်​မိ​ပါ​သ​နည်း။ အ​ဘယ်​ပြစ်​မှု​ကြောင့်​သင်​သည်​ကျွန်ုပ်​နောက်​သို့ အ​ပြင်း​အ​ထန်​လိုက်​ရ​ပါ​သ​နည်း။-

37 ယ​ခု​သင်​သည်​ကျွန်ုပ်​၏​ပစ္စည်း​ရှိ​သ​မျှ​ကို​ရှာ ဖွေ​ပြီး​ပြီ​ဖြစ်​ရာ​သင်​ပိုင်​သော​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရှာ​တွေ့​ပါ​သ​လော။ သင်​ပိုင်​သော​ပစ္စည်း​ကို ရှာ​တွေ့​လျှင်​သင်​၏​သား​ချင်း​နှင့်​ကျွန်ုပ်​၏​သား ချင်း​တို့​ရှေ့​မှောက်​တွင်​ထား​ပါ။ မည်​သူ့​ပစ္စည်း​ဖြစ် သည်​ကို​သူ​တို့​က​အ​ဆုံး​အ​ဖြတ်​ပေး​ပါ​စေ။-

38 ကျွန်ုပ်​သည်​သင်​နှင့်​အ​တူ​နှစ်​ပေါင်း​နှစ်​ဆယ်​နေ ထိုင်​ခဲ့​ပါ​သည်။ သင်​၏​သိုး​မ​နှင့်​ဆိတ်​မ​တို့​သည် သား​မ​ပေါက်​ကြ​ဟူ​၍​မ​ရှိ။ သင့်​သိုး​ထီး​ဆိတ် ထီး​တို့​ကို​ကျွန်ုပ်​သတ်​၍​မ​စား။-

39 သိုး​တစ်​ကောင်​ကို​တော​သား​ရဲ​က​ကိုက်​သတ် လျှင် ကျွန်ုပ်​သာ​လျှင်​အ​မြဲ​အ​စား​ထိုး​ပေး ပါ​သည်။ သိုး​သေ​ရ​ခြင်း​မှာ​ကျွန်ုပ်​၏​တာ​ဝန် မ​ရှိ​ကြောင်း​သက်​သေ​ထူ​ရန်​ထို​အ​သေ​ကောင် ကို​သင့်​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ပါ။ နေ့​အ​ချိန် ၌​ဖြစ်​စေ၊ ည​အချိန်​၌​ဖြစ်​စေ​တိ​ရစ္ဆာန်​အ​ခိုး ခံ​ရ​လျှင်​သင်​သည်​ကျွန်ုပ်​အား​ထို​တိ​ရစ္ဆာန် အ​တွက်​အ​စား​ပေး​လျော်​စေ​၏။-

40 ကျွန်ုပ်​သည်​နေ့​အ​ချိန်​၌​နေ​ပူ​ဒဏ်​ကို​လည်း ကောင်း၊ ည​အ​ချိန်​၌​အ​အေး​ဒဏ်​ကို​လည်း​ကောင်း အ​ကြိမ်​ကြိမ်​ခံ​ခဲ့​ရ​ပါ​သည်။ အ​အိပ်​လည်း ပျက်​ခဲ့​ရ​ပါ​သည်။-