ကမ္ဘာ​ဦး 31:46-52 BCL

46 ထို​နောက်​သူ​၏​သား​ချင်း​တို့​အား​ကျောက်​တုံး များ​ကို​ထပ်​ဆင့်​၍​ပုံ​စေ​၏။ ထို​နောက်​သူ​တို့ သည်​ကျောက်​ပုံ​နား​တွင်​စား​သောက်​ကြ​လေ​သည်။-

47 လာ​ဗန်​က​ယင်း​ကျောက်​ပုံ​ကို​ယေ​ဂါ​သ​ဟာ ဒု​သ ဟူ​၍​လည်း​ကောင်း၊ ယာ​ကုပ်​က​ဂိ​လဒ် ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ သည်။-

48 ထို​နောက်​လာ​ဗန်​က``ယ​နေ့​၌​ဤ​ကျောက်​ပုံ သည်​သင်​နှင့်​ငါ​တို့​နှစ်​ဦး​အ​တွက်​သက်​သေ ဖြစ်​စေ​မည်'' ဟု​ယာ​ကုပ်​အား​ဆို​လေ​၏။ ထို အ​ကြောင်း​ကြောင့်​ဤ​အ​ရပ်​ကို​ဂိ​လဒ်​ဟု ခေါ်​တွင်​စေ​ကြ​၏။-

49 လာ​ဗန်​က​ဆက်​၍``ငါ​တို့​အ​ချင်း​ချင်း​တစ် ယောက်​နှင့်​တစ်​ယောက်​ခွဲ​ခွာ​နေ​ရ​စဉ်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အား​စောင့်​ရှောက်​တော်​မူ​ပါ စေ​သော'' ဟု​ဆို​လေ​သည်။ ထို​ကြောင့်​ဤ​အ​ရပ် ကို​မိ​ဇ​ပါ​ဟူ​၍​မှည့်​ခေါ်​လေ​သည်။-

50 လာ​ဗန်​က​တစ်​ဖန်​ဆက်​၍``သင်​သည်​ငါ​၏ သ​မီး​တို့​ကို​ညှင်း​ဆဲ​လျှင်​ဖြစ်​စေ၊ အ​ခြား သော​မိန်း​မ​များ​ကို​ထိမ်း​မြား​လျှင်​ဖြစ်​စေ ငါ​သည်​ထို​အ​ကြောင်း​ကို​မ​သိ​စေ​ကာ​မူ ဘု​ရား​သ​ခင်​သည်​ငါ​တို့​စပ်​ကြား​သက်​သေ ဖြစ်​တော်​မူ​ကြောင်း​သ​တိ​ရ​လော့။-

51 ဤ​ကျောက်​တုံး​များ​သည်​သင်​နှင့်​ငါ​တို့​စပ် ကြား​တွင် ပုံ​ထား​သော​ကျောက်​ပုံ​ဖြစ်​၍​ဤ ကျောက်​သည်​အ​မှတ်​တ​ရ​မှတ်​တိုင်​ဖြစ်​၏။-

52 ငါ​သည်​ဤ​ကျောက်​ပုံ​နှင့်​မှတ်​တိုင်​ကို​ကျော် လွန်​၍ သင့်​အား​အန္တ​ရာယ်​ပြု​မည်​မ​ဟုတ်​ကြောင်း ကို​လည်း​ကောင်း၊ သင်​သည်​လည်း​ဤ​ကျောက်​ပုံ နှင့်​မှတ်​တိုင်​ကို​ကျော်​လွန်​၍ ငါ့​အား​အန္တ​ရာယ် ပြု​မည်​မ​ဟုတ်​ကြောင်း​ကို​လည်း​ကောင်း ဤ ကျောက်​ပုံ​နှင့်​ဤ​မှတ်​တိုင်​သည်​သက်​သေ ဖြစ်​ပါ​စေ​သား။-