49 လာဗန်ကဆက်၍``ငါတို့အချင်းချင်းတစ် ယောက်နှင့်တစ်ယောက်ခွဲခွာနေရစဉ်ထာဝရ ဘုရားသည်ငါတို့အားစောင့်ရှောက်တော်မူပါ စေသော'' ဟုဆိုလေသည်။ ထိုကြောင့်ဤအရပ် ကိုမိဇပါဟူ၍မှည့်ခေါ်လေသည်။-
50 လာဗန်ကတစ်ဖန်ဆက်၍``သင်သည်ငါ၏ သမီးတို့ကိုညှင်းဆဲလျှင်ဖြစ်စေ၊ အခြား သောမိန်းမများကိုထိမ်းမြားလျှင်ဖြစ်စေ ငါသည်ထိုအကြောင်းကိုမသိစေကာမူ ဘုရားသခင်သည်ငါတို့စပ်ကြားသက်သေ ဖြစ်တော်မူကြောင်းသတိရလော့။-
51 ဤကျောက်တုံးများသည်သင်နှင့်ငါတို့စပ် ကြားတွင် ပုံထားသောကျောက်ပုံဖြစ်၍ဤ ကျောက်သည်အမှတ်တရမှတ်တိုင်ဖြစ်၏။-
52 ငါသည်ဤကျောက်ပုံနှင့်မှတ်တိုင်ကိုကျော် လွန်၍ သင့်အားအန္တရာယ်ပြုမည်မဟုတ်ကြောင်း ကိုလည်းကောင်း၊ သင်သည်လည်းဤကျောက်ပုံ နှင့်မှတ်တိုင်ကိုကျော်လွန်၍ ငါ့အားအန္တရာယ် ပြုမည်မဟုတ်ကြောင်းကိုလည်းကောင်း ဤ ကျောက်ပုံနှင့်ဤမှတ်တိုင်သည်သက်သေ ဖြစ်ပါစေသား။-
53 အာဗြဟံ၏ဘုရားနှင့်နာခေါ်၏ဘုရား သည်ငါတို့နှစ်ဦးစပ်ကြားတွင်စီရင်တော် မူစေသတည်း'' ဟုသစ္စာအဋ္ဌိဋ္ဌာန်ပြုလေ၏။ ထိုနောက်ယာကုပ်သည်လည်းသူ၏ဖခင် ဣဇာက်ကိုးကွယ်သောဘုရားသခင်၏နာမ တော်ကိုတိုင်တည်၍သစ္စာအဋ္ဌိဋ္ဌာန်ဆို၏။-
54 သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။-
55 နောက်တစ်နေ့နံနက်စောစော၌လာဗန်သည် သူ၏မြေးများနှင့်သမီးတို့ကိုနမ်းရှုပ်နှုတ် ဆက်၍ ကောင်းချီးပေးပြီးလျှင်မိမိနေရပ် သို့ပြန်လေ၏။