10 ကိုယ်တော်အမြဲထားတော်မူသောကရုဏာ တော်နှင့်ကိုယ်တော်၏ကျွန်သည်မထိုက်တန် ပါ။ အကျွန်ုပ်သည်ယော်ဒန်မြစ်ကိုဖြတ်ကူး စဉ်အခါက အကျွန်ုပ်၌လက်ကိုင်တောင်ဝှေး တစ်ချောင်းသာပါသွားသော်လည်း ယခုမှာ မူဤလူစုနှစ်စုပါလျက်ပြန်လာခဲ့ရ ပါသည်။-
11 အကျွန်ုပ်၏အစ်ကိုဧသော၏လက်မှအကျွန်ုပ် အားကယ်တင်ရန်တောင်းလျှောက်ပါ၏။ သူ သည်မိန်းမနှင့်ကလေးများအပါအဝင် အကျွန်ုပ်တို့အားလုံးအားတိုက်ခိုက်ဖျက် ဆီးမည်ကိုအကျွန်ုပ်စိုးရိမ်ကြောက်ရွံ့ပါ၏။-
12 ကိုယ်တော်က`သင့်ကိုကြီးပွားစေမည်။ သင်၏ အဆက်အနွယ်များကိုပင်လယ်ကမ်းခြေရှိ သဲပွင့်များကဲ့သို့ မရေမတွက်နိုင်အောင်များ ပြားစေမည်' ဟူသောကတိတော်ကိုသတိရ တော်မူပါ'' ဟုတောင်းလျှောက်လေသည်။
13-15 ယာကုပ်သည်ထိုအရပ်တွင်တစ်ညတည်းခို ပြီးနောက် အစ်ကိုဧသောအားလက်ဆောင်ပေး ရန် မိမိ၏တိရစ္ဆာန်အုပ်ထဲမှဆိတ်မနှစ်ရာ နှင့်ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာနှင့်သိုး ထီးနှစ်ဆယ်၊ နို့စားကုလားအုတ်မသုံးဆယ် နှင့်သားကောင်ငယ်များ၊ နွားမလေးဆယ်နှင့် နွားထီးဆယ်ကောင်၊ မြည်းမနှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုရွေးယူလေ၏။-
16 ထိုတိရစ္ဆာန်များကိုအုပ်လိုက်ခွဲပြီးလျှင် တစ် အုပ်စီကိုအစေခံတစ်ယောက်ကျအုပ်ထိန်း စေ၏။ ထိုနောက်အစေခံတို့အား``သင်တို့သည် တစ်အုပ်နှင့်တစ်အုပ်ရှေ့နောက်ခြား၍ငါ့ရှေ့ မှသွားကြလော့'' ဟုမှာကြားလေသည်။-
17 ရှေ့ဆုံးမှသွားရသောအစေခံအား``ငါ၏ အစ်ကိုဧသောကသင့်ကိုတွေ့၍`သင်၏သခင် ကားမည်သူနည်း၊ မည်သည့်အရပ်သို့သွား မည်နည်း။ သင့်ရှေ့၌ရှိသောတိရစ္ဆာန်တို့ကို မည်သူပိုင်သနည်း' ဟုမေးလျှင်၊-
18 `ကိုယ်တော်၏အစေခံယာကုပ်ပိုင်ပါသည်။ သခင်ဧသောအားဆက်သလိုက်သောလက် ဆောင်များဖြစ်ပါသည်။ ယာကုပ်ကိုယ်တိုင် အကျွန်ုပ်တို့နောက်မှလိုက်ပါလာပါသည်' ဟူ၍ညွှန်ကြားလေသည်။-