ကမ္ဘာ​ဦး 32:22-28 BCL

22 ထို​ည​ချင်း​တွင်း​ယာကုပ်​သည်​ထ​၍​မ​ယား​နှစ် ယောက်၊ မ​ယား​ငယ်​နှစ်​ယောက်၊ သား​သ​မီး​တစ် ဆယ့်​တစ်​ယောက်​တို့​ကို​ခေါ်​ဆောင်​လျက်​ယဗ္ဗုတ် မြစ်​ကို​ဖြတ်​ကူး​စေ​၏။-

23 သား​မ​ယား​တို့​နှင့်​အ​တူ​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း တို့​ကို​တစ်​ဖက်​ကမ်း​သို့​ပို့​လေ​၏။-

24 ယာ​ကုပ်​က​မူ​တစ်​ယောက်​တည်း​နေ​ရစ်​ခဲ့​လေ သည်။ထို​အ​ခါ​လူ​တစ်​ယောက်​သည်​မိုး​လင်း​အံ့​ဆဲ ဆဲ​တိုင်​အောင်​သူ​နှင့်​န​ပန်း​လုံး​လေ​၏။-

25 ထို​သူ​သည်​မ​နိုင်​မှန်း​သိ​သော​အ​ခါ​ယာ​ကုပ် ၏​တင်​ပါး​ကို​ထိုး​သ​ဖြင့်​အ​ဆစ်​ပြုတ်​လေ​၏။-

26 ထို​သူ​က``ငါ့​ကို​လွှတ်​ပါ။ မိုး​လင်း​လု​ပြီ'' ဟု​ဆို​လေ​၏။ယာ​ကုပ်​က``အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မှ​လွှတ် မည်'' ဟု​ပြော​၏။

27 ထို​သူ​က​လည်း``သင်​၏​နာ​မည်​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။``ယာ​ကုပ်'' ဟု​ပြန်​ဖြေ​၏။

28 ထို​သူ​က``နောင်​တွင်​သင်​၏​နာမည်​ကို`ယာ​ကုပ်' ဟူ ၍​မ​ခေါ်​စေ​ရ။ သင်​သည်​ဘု​ရား​နှင့်​သော်​လည်း ကောင်း၊ လူ​နှင့်​သော်​လည်း​ကောင်း​ဆိုင်​ပြိုင်​၍​အ​နိုင် ရ​ခဲ့​သော​ကြောင့်​သင်​၏​နာ​မည်​မှာ`ဣ​သ​ရေ​လ' ဟူ​၍​ဖြစ်​ရ​မည်'' ဟု​ဆို​လေ​၏။