1 ဧသောသည်လူလေးရာပါလျက်လာနေသည် ကိုယာကုပ်မြင်လျှင်သားသမီးတို့ကိုလေအာ၊ ရာခေလနှင့်မယားငယ်နှစ်ဦးတို့ထံခွဲ၍ အပ်နှံထားလေ၏။-
2 သူသည်မယားငယ်တို့နှင့်သူတို့၏ကလေး များကိုရှေ့ဆုံး၌ထား၍ ထိုနောက်လေအာနှင့် သူ၏ကလေးတို့ကိုလည်းကောင်း၊ နောက်ဆုံး ၌ရာခေလနှင့်ယောသပ်ကိုလည်းကောင်း နေရာချထားလေ၏။-
3 ယာကုပ်သည်ထိုသူတို့ရှေ့ကသွား၍အစ်ကို ၏အနီးသို့ချဉ်းကပ်မိလျှင် ခုနစ်ကြိမ်ဦးညွှတ် ၍အရိုအသေပြုလေသည်။-
4 ထိုအခါဧသောသည်ပြေး၍ယာကုပ်ကိုဖက် ယမ်းနမ်းရှုပ်လေသည်။ သူတို့နှစ်ဦးငိုကြွေးကြ ၏။-
5 ဧသောသည်မော်ကြည့်၍မိန်းမများနှင့်ကလေး များကိုမြင်လျှင်``သင်နှင့်အတူပါလာသောဤ သူတို့ကားမည်သူတို့နည်း'' ဟုမေးလေ၏။
6 ယာကုပ်က``ဘုရားသခင်သည်ကျွန်တော်အား ပေးသနားတော်မူသောသားသမီးများဖြစ် ပါသည်'' ဟုဖြေ၏။ ထို့နောက်သူ၏မယားငယ် တို့သည် မိမိတို့၏သားသမီးများနှင့်အတူ ဧသောအနီးသို့ချဉ်းကပ်၍ဦးညွှတ်ကြ၏။-