16 ထိုသို့ပြုလျှင်ကျွန်ုပ်တို့သမီးများကိုသင် တို့နှင့်ထိမ်းမြား၍ သင်တို့သမီးများကိုကျွန်ုပ် တို့ထိမ်းမြားမည်။ သင်တို့ထံတွင်နေထိုင်ကာ လူတစ်မျိုးတည်းဖြစ်ရန်သဘောတူပါမည်။-
17 သို့ရာတွင်သင်တို့ကကျွန်ုပ်တို့၏တောင်းဆို ချက်ကိုပယ်၍ အရေဖျားလှီးခြင်းမင်္ဂလာ ကိုမခံကြပါမူကျွန်ုပ်တို့သည် နှမကိုပြန် သိမ်း၍သင်တို့ထံမှထွက်ခွာသွားပါမည်'' ဟုပြောကြလေ၏။
18 ဟာမော်နှင့်သူ၏သားရှေခင်တို့အတွက်ထို တောင်းဆိုချက်ကိုလက်ခံနိုင်ဖွယ်ရှိ၏။ ရှေခင် သည်ယာကုပ်၏သမီးကိုအလွန်စွဲမက်နေ သဖြင့်၊-
19 ယာကုပ်၏သားများပေးသောအကြံကို ချက်ချင်းလက်ခံလိုက်လေသည်။ ရှေခင်သည် ကားမိမိ၏အမျိုးသားချင်းတို့တွင်အရေး ပါအရာရောက်ဆုံးသောပ္ဂိုလ်ဖြစ်၏။
20 ဟာမော်နှင့်သူ၏သားရှေခင်တို့သည် မြို့ တံခါးဝရှိစည်းဝေးရာနေရာသို့သွား၍ မြို့သားတို့အား၊-
21 ``ဤသူတို့သည်ငါတို့ကိုဖော်ရွေကြပါ၏။ သူတို့အားငါတို့ပြည်၌နေ၍လွတ်လပ်စွာ သွားလာခွင့်ရှိကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင်ကျယ်ဝန်းပါသည်။ ငါ တို့သည်သူတို့၏သမီးများကိုထိမ်းမြား ၍သူတို့ကလည်းငါတို့၏သမီးများကို ထိမ်းမြားပါစေ။-
22 သို့ရာတွင်ငါတို့ယောကျာ်းအားလုံးကသူ တို့နည်းတူ အရေဖျားလှီးခြင်းမင်္ဂလာကို ခံကြပါမှ သူတို့သည်ငါတို့နှင့်အတူနေ ထိုင်၍ ငါတို့နှင့်လူတစ်မျိုးတည်းဖြစ်နိုင်မည် ဟုဆိုပါသည်။-