ကမ္ဘာ​ဦး 35:20-26 BCL

20 ယာ​ကုပ်​သည်​သင်္ချိုင်း​ပေါ်​တွင်​မှတ်​တိုင်​ကို​စိုက် ထူ​ခဲ့​ရာ ယ​နေ့​ထက်​တိုင်​ထို​မှတ်​တိုင်​ကို​ရာ ခေ​လ​၏​သင်္ချိုင်း​မှတ်​တိုင်​ဟု​ခေါ်​တွင်​လေ​သည်။-

21 ထို​နောက်​ယာ​ကုပ်​သည်​ခ​ရီး​ဆက်​ခဲ့​၍​ဧ​ဒါ လင့်​စင်​အ​လွန်​၌​စ​ခန်း​ချ​လေ​သည်။

22 ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​စဉ်​ရု​ဗင် သည် ဖ​ခင်​၏​မ​ယား​ငယ်​ဗိ​လ​ဟာ​နှင့်​ဖောက် ပြန်​မှား​ယွင်း​လေ​၏။ ယာ​ကုပ်​သည်​ထို​အ​ကြောင်း ကို​ကြား​သိ​လေ​သည်။ယာ​ကုပ်​တွင်​သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။-

23 လေ​အာ​မှ​ဖွား​မြင်​သော​သား​များ​မှာ​ရု​ဗင် (ယာ​ကုပ်​၏​သား​ဦး) ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​တို့​ဖြစ်​သည်။

24 ရာ​ခေ​လ​၏​သား​များ​မှာ​ယော​သပ်​နှင့် ဗင်္ယာ​မိန်​တို့​ဖြစ်​သည်။-

25 ရာ​ခေ​လ​၏​ကျွန်​မ​ဗိ​လ​ဟာ​၏​သား​များ မှာ​ဒန်​နှင့်​န​ဿ​လိ​တို့​ဖြစ်​သည်။-

26 လေ​အာ​၏​ကျွန်​မ​ဇိ​လ​ပ​၏​သား​များ​မှာ ဂဒ်​နှင့်​အာ​ရှာ​တို့​ဖြစ်​သည်။ ဤ​သား​တို့​သည် မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​၌ ဖွား​မြင်​ခဲ့​ကြ​သည်။