ကမ္ဘာ​ဦး 36:18-25 BCL

18 ဧ​သော​၏​မ​ယား​အာ​န​၏​သ​မီး​ဖြစ်​သူ အ​ဟော လိ​ဗာ​မ​မှ​ဆင်း​သက်​သော​အ​နွယ်​သည်​ကား ယု​ရှ၊ ယာ​လံ​နှင့်​ကော​ရ​တို့​ဖြစ်​ကြ​သည်။-

19 ဤ​အ​နွယ်​အား​လုံး​တို့​သည်​ဧ​သော​မှ​ဆင်း​သက် လာ​ကြ​၏။

20-21 ဧ​ဒုံ​အ​ရပ်​တွင်​မူ​လ​နေ​ထိုင်​သူ​တို့​သည်​ဟော​ရိ အ​မျိုး​သား​စိ​ရ​၏​သား​တို့​မှ​ဆင်း​သက်​လာ သော​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​သည်။ ထို​သား တို့​မှာ​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​ဖြစ်​ကြ​သည်။

22 လော​တန်​သည်​ဟော​ရိ​နှင့်​ဟေ​မံ​မိ​သား​စု​တို့ ၏​ဘိုး​ဘေး​ဖြစ်​သည်။ (လော​တန်​၏​နှ​မ​မှာ​တိ​မ​န ဖြစ်​သည်။)

23 ရှော​ဗ​လ​သည်​အာ​လ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗ​လ၊ ရှေ​ဖော​နှင့်​သြ​နံ​မိ​သား​စု​တို့​၏​ဘိုး​ဘေး​ဖြစ် သည်။

24 ဇိ​ဘောင်​တွင်​အာ​ယ​နှင့်​အာ​န​ဟူ​၍​သား​နှစ် ယောက်​ရှိ​၏။ (အာ​န​သည်​ဖ​ခင်​ဇိ​ဘောင်​၏​မြည်း များ​ကို​ကျောင်း​နေ​စဉ်​တော​ကန္တာ​ရ​ထဲ​၌​ရေ ပူ​စမ်း​များ​ကို​ရှာ​တွေ့​သူ​ဖြစ်​သည်။-)

25 အာ​န​တွင်​သား​ဒိ​ရှုန်​နှင့်​သ​မီး​အ​ဟော​လိ ဗာ​မ​တို့​ရှိ​၏။