ကမ္ဘာ​ဦး 36:28-40-43 BCL

28 ဒိ​ရှန်​သည်​ဥ​ဇ​နှင့်​အာ​ရန်​မိ​သား​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​သည်။

29-30 ဧ​ဒုံ​ပြည်​ရှိ​ဟော​ရိ​အ​မျိုး​သား​တို့​၏​အ​နွယ် များ​သည်​ကား​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​ဖြစ်​သ​တည်း။

31-39 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ဘု​ရင်​များ မ​ပေါ်​မ​ရှိ​မီ​ဧ​ဒုံ​ပြည်​ကို​အုပ်​စိုး​သော​မင်း ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ဗော​ရ​၏​သား​ဗေ​လာ​သည်​ဒိန္နာ​ဗာ​မြို့​တော်​၌ အုပ်​စိုး​၏။ဗေ​လာ​ဘု​ရင်​အ​နိစ္စ​ရောက်​သော​အ​ခါ​ဗော​ဇ​ရ မြို့​သား ဇေ​ရ​၏​သား​ယော​ဗပ်​မင်း​ပြု​၏။ယော​ဗပ်​အ​နိစ္စ​ရောက်​သော​အ​ခါ​တေ​မ​နိ မြို့​သား ဟု​ရှံ​မင်း​ပြု​၏။ဟု​ရှံ​အ​နိစ္စ​ရောက်​သော​အ​ခါ​မော​ဘ​ပြည်​တွင် မိ​ဒျန်​အ​မျိုး​သား​တို့​ကိုစစ်​တိုက်​၍​အောင်​မြင်​ခဲ့​သူ​ဗေ​ဒဒ်​၏​သား​ဟာ​ဒဒ် မင်း​ပြု​၏။ထို​မင်း​၏​မြို့​တော်​မှာ​အာ​ဝိတ်​မြို့​ဖြစ်​၏။ဟာ​ဒဒ်​အ​နိစ္စ​ရောက်​သော​အ​ခါ​မာ​သ​ရက် မြို့​သား စာ​မ​လ​မင်း​ပြု​၏။စာ​မ​လ​အ​နိစ္စ​ရောက်​သော​အ​ခါ​မြစ်​ကမ်း​မြို့ ဖြစ်​သော ရ​ဟော​ဘုတ်​မြို့​သား​ရှော​လ​မင်း​ပြု​၏။ရှော​လ​အ​နိစ္စ​ရောက်​သော​အ​ခါ​အာ​ခ​ဗော် ၏​သား ဗာ​လ​ဟာ​နန်​မင်း​ပြု​၏။ဗာ​လ​ဟာ​နန်​အ​နိစ္စ​ရောက်​သော​အ​ခါ​ဟာ​ဒါ မင်း​ပြု​၏။ထို​မင်း​၏​မြို့​တော်​မှာ​ပေါ​မြို့​ဖြစ်​သည်။(သူ​၏​ဇနီး​မှာ​မာ​တ​ရက်​၏​သ​မီး၊မေ​ဇ​ဟပ်​၏ မြေး​မ​ဟေ​တ​ဗေ​လ​ဖြစ်​၏။)

40-43 ဧ​သော​မှ​ဆင်း​သက်​သော​ဧ​ဒုံ​အ​နွယ်​များ​မှာ တိ​မ​နာ၊ အာ​လ​ဝ၊ ယေ​သက်၊ အ​ဟော​လိ​ဗာ​မ၊ ဧ​လာ၊ ပိ​နုန်၊ ကေ​နတ်၊ တေ​မန်၊ မိ​ဗ​ဇာ၊ မာ​ဂ ဒျေ​လ​နှင့်​ဣ​ရံ​တို့​ဖြစ်​ကြ​သည်။ ဤ​ဧ​ဒုံ အ​နွယ်​တို့​သည်​သူ​တို့​၏​နာ​မည်​ဖြင့်​ခေါ် တွင်​သော​ဒေ​သ​အ​သီး​သီး​တို့​တွင်​နေ ထိုင်​ကြ​လေ​သည်။