ကမ္ဘာ​ဦး 36:7-16 BCL

7 သူ​နှင့်​ယာ​ကုပ်​တို့​တွင်​သိုး၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​အ​လွန်​များ​ပြား​လာ​သ​ဖြင့် စား​နပ် ရိက္ခာ​မ​လောက်​မ​င​ဖြစ်​၍​တစ်​ရပ်​တည်း​၌ အ​တူ​မ​နေ​နိုင်​ကြ​ချေ။-

8 သို့​ဖြစ်​၍​ဧ​သော​သည်​ဧ​ဒုံ​တောင်​တန်း​ဒေ​သ သို့​ပြောင်း​ရွှေ့​နေ​ထိုင်​လေ​သည်။

9 ဧ​ဒုံ​တောင်​တန်း​ဒေ​သ​တွင်​နေ​ထိုင်​သော ဧ​ဒုံ အ​မျိုး​သား​တို့​၏​ဖ​ခင်​ဧ​သော​၏ အ​ဆက် အ​နွယ်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-

10-13 ဧ​သော​၏​မ​ယား​အာ​ဒ​နှင့်​ရ​သော​သား​မှာ ဧ​လိ​ဖတ်​ဖြစ်​၏။ ဧ​လိ​ဖတ်​တွင်​တေ​မန်၊ သြ​မ​ရ၊ ဇေ​ဖော၊ ဂါ​တံ၊ ကေ​နတ်​ဟူ​၍​သား​ငါး​ယောက် ရှိ​၏။ ဧ​လိ​ဖတ်​တွင်​မ​ယား​ငယ်​တိ​မ​န​နှင့်​အာ မ​လက်​နာ​မည်​ရှိ​သော​သား​တစ်​ယောက်​ရ​သေး​၏။ဧ​သော​၏​မ​ယား​ဗာ​ရှ​မတ်​နှင့်​ရ​သော​သား မှာ​ရွေ​လ​ဖြစ်​၏။ ရွေ​လ​တွင်​နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ၊ မိဇ္ဇ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။

14 ဇိ​ဘောင်​၏​သား​အာ​န​၏​သ​မီး​ဖြစ်​သော​ဧ​သော ၏​မ​ယား အ​ဟော​လိ​ဗာ​မ​တွင်​ယု​ရှ၊ ယာ​လံ၊ ကော​ရ​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

15 ဧ​သော​မှ​ဆင်း​သက်​သော​အ​နွယ်​တို့​ကို​ဖော်​ပြ ပေ​အံ့။ ဧ​သော​၏​သား​ဦး​ဧ​လိ​ဖတ်​သည်​အ​နွယ် များ​ဖြစ်​ကြ​သော​တေ​မန်၊ သြ​မ​ရ၊ ဇေ​ဖော၊ ကေ​နတ်၊-

16 ကော​ရ၊ ဂါ​တံ၊ အာ​မ​လက်​တို့​၏​ဘိုး​ဘေး​ဖြစ် ၏။ ဤ​သူ​တို့​သည်​ဧ​သော​၏​မ​ယား​အာ​ဒ​၏ အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။