ကမ္ဘာ​ဦး 38:1-7 BCL

1 ၎င်း​အ​ချိန်​လောက်​တွင်​ယု​ဒ​သည်​သူ​၏​ညီ​အစ် ကို​တို့​ထံ​မှ​ထွက်​ခွာ​၍ အ​ဒု​လံ​မြို့​သား​ဟိ​ရ ထံ​၌​သွား​ရောက်​နေ​ထိုင်​လေ​၏။-

2 ထို​အ​ရပ်​တွင်​ယု​ဒ​သည် ခါ​နာန်​အ​မျိုး​သား ရှု​အာ​ဆို​သူ​၏​သ​မီး​ကို​တွေ့​မြင်​၍​ထိမ်း​မြား လေ​၏။-

3 သူ့​မ​ယား​သည်​သား​တစ်​ယောက်​ကို​ဖွား​လျှင် ထို​သား​ကို​ဧ​ရ​ဟု​နာ​မည်​မှည့်​လေ​၏။-

4 တစ်​ဖန်​သား​တစ်​ယောက်​ဖွား​လျှင်​သြ​နန်​ဟု နာ​မည်​မှည့်​လေ​သည်။-

5 နောက်​တစ်​ဖန်​သား​တစ်​ယောက်​ဖွား​မြင်​၍​ရှေ​လ ဟု​နာ​မည်​မှည့်​လေ​သည်။ ရှေ​လ​ကို​ဖွား​မြင်​သော အ​ခါ​ယု​ဒ​သည်​ခေ​ဇိပ်​မြို့​တွင်​နေ​ထိုင်​လျက် ရှိ​၏။

6 ယု​ဒ​သည်​သူ​၏​သား​ဦး​ဧ​ရ​ကို​တာ​မာ​နာ​မည် ရှိ​သော​အ​မျိုး​သ​မီး​နှင့်​ထိမ်း​မြား​ပေး​လေ​၏။-

7 ဧ​ရ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​အ​ကျင့် ဆိုး​သော​သူ​ဖြစ်​ခြင်း​ကြောင့် ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​အ​သက်​တို​စေ​တော်​မူ​၏။-