ကမ္ဘာ​ဦး 38:14-20 BCL

14 ထို​အ​ခါ​သူ​သည်​မု​ဆိုး​မ​အ​ဝတ်​တို့​ကို​ချွတ်​၍ မျက်​နှာ​ကို​ပု​ဝါ​ဖြင့်​ဖုံး​လျက် တိ​မ​နတ်​သို့​သွား ရာ​လမ်း​တွင်​တည်​ရှိ​သော​ဧ​နိမ်​မြို့​အ​ဝင်​ဝ​၌ ထိုင်​နေ​လေ​၏။ သူ​သည်​ယု​ဒ​၏​အ​ငယ်​ဆုံး​သား ရှေ​လ​အ​ရွယ်​ရောက်​ပြီ​ဖြစ်​သော်​လည်း​သူ​နှင့် ထိမ်း​မြား​ပေး​ခြင်း​မ​ပြု​ဘဲ​ထား​သော​ကြောင့် ဤ​သို့​ပြု​မူ​ရ​ခြင်း​ဖြစ်​သည်။

15 ယု​ဒ​သည်​တာ​မာ​ကို​မြင်​လျှင်​မျက်​နှာ​ကို​ပုဝါ နှင့်​ဖုံး​ထား​သော​ကြောင့် ပြည့်​တန်​ဆာ​မ​တစ်​ယောက် ဟု​ထင်​မှတ်​လေ​၏။-

16 သူ​သည်​လမ်း​ဘေး​၌​ထိုင်​နေ​သော​တာမာ​ထံ​သို့ သွား​ပြီး​လျှင်``ငါ​သင်​နှင့်​အိပ်​လို​သည်'' ဟု​ဆို လေ​၏။ (ထို​မိန်း​မ​သည်​သူ​၏​ချွေးမ​ဖြစ်​မှန်း မ​သိ​ချေ။) မိန်း​မ​က​သူ့​အား``ကျွန်​မ​နှင့်​အိပ် လို​လျှင်​မည်​သည့်​အ​ခ​ကို​ပေး​မည်​နည်း'' ဟု မေး​လေ​၏။

17 သူ​က``ငါ​၏​တိရစ္ဆာန်​ထဲ​မှ​ဆိတ်​ငယ်​တစ်​ကောင် ကို​ပို့​လိုက်​မည်'' ဟု​ပြန်​ဖြေ​၏။မိန်း​မ​က``ဆိတ်​ငယ်​ကို​မ​ပို့​သေး​မီ​အာ​မ​ခံ​ပေး လျှင် သ​ဘော​တူ​ပါ​မည်''ဟု​ဆို​၏။

18 သူ​က``မည်​သည့်​အာ​မ​ခံ​ကို​ပေး​ရ​မည်​နည်း'' ဟု မေး​၏။မိန်း​မ​က``သင်​၏​တံ​ဆိပ်​ပါ​သော​စ​လွယ်​ကြိုး​နှင့် လက်​စွဲ​တောင်​ဝှေး​တို့​ကို​အာ​မ​ခံ​အ​ဖြစ်​ပေး​ပါ'' ဟု​တောင်း​လေ​၏။ သူ​သည်​ထို​ပစ္စည်း​များ​ကို​ထို မိန်းမ​အား​ပေး​၍​အ​တူ​တူ​အိပ်​သ​ဖြင့်​ပ​ဋိ သန္ဓေ​စွဲ​လေ​၏။-

19 တာ​မာ​သည်​အိမ်​သို့​ပြန်​၍​ပုဝါ​ကို​ချွတ်​ပြီး လျှင် မု​ဆိုး​မ​အ​ဝတ်​ကို​ပြန်​လည်​ဝတ်​ဆင် လေ​၏။

20 ယု​ဒ​သည်​မိန်း​မ​ထံ​မှ​အာ​မ​ခံ​ပစ္စည်း​များ​ကို ပြန်​ယူ​ရန် သူ​၏​မိတ်​ဆွေ​ဟိရ​ကို​ဆိတ်​ငယ်​နှင့် အ​တူ​စေ​လွှတ်​လေ​၏။ ဟိ​ရ​သည်​မိန်း​မ​ကို ရှာ​မ​တွေ့​လျှင်၊-