ကမ္ဘာ​ဦး 38:16-22 BCL

16 သူ​သည်​လမ်း​ဘေး​၌​ထိုင်​နေ​သော​တာမာ​ထံ​သို့ သွား​ပြီး​လျှင်``ငါ​သင်​နှင့်​အိပ်​လို​သည်'' ဟု​ဆို လေ​၏။ (ထို​မိန်း​မ​သည်​သူ​၏​ချွေးမ​ဖြစ်​မှန်း မ​သိ​ချေ။) မိန်း​မ​က​သူ့​အား``ကျွန်​မ​နှင့်​အိပ် လို​လျှင်​မည်​သည့်​အ​ခ​ကို​ပေး​မည်​နည်း'' ဟု မေး​လေ​၏။

17 သူ​က``ငါ​၏​တိရစ္ဆာန်​ထဲ​မှ​ဆိတ်​ငယ်​တစ်​ကောင် ကို​ပို့​လိုက်​မည်'' ဟု​ပြန်​ဖြေ​၏။မိန်း​မ​က``ဆိတ်​ငယ်​ကို​မ​ပို့​သေး​မီ​အာ​မ​ခံ​ပေး လျှင် သ​ဘော​တူ​ပါ​မည်''ဟု​ဆို​၏။

18 သူ​က``မည်​သည့်​အာ​မ​ခံ​ကို​ပေး​ရ​မည်​နည်း'' ဟု မေး​၏။မိန်း​မ​က``သင်​၏​တံ​ဆိပ်​ပါ​သော​စ​လွယ်​ကြိုး​နှင့် လက်​စွဲ​တောင်​ဝှေး​တို့​ကို​အာ​မ​ခံ​အ​ဖြစ်​ပေး​ပါ'' ဟု​တောင်း​လေ​၏။ သူ​သည်​ထို​ပစ္စည်း​များ​ကို​ထို မိန်းမ​အား​ပေး​၍​အ​တူ​တူ​အိပ်​သ​ဖြင့်​ပ​ဋိ သန္ဓေ​စွဲ​လေ​၏။-

19 တာ​မာ​သည်​အိမ်​သို့​ပြန်​၍​ပုဝါ​ကို​ချွတ်​ပြီး လျှင် မု​ဆိုး​မ​အ​ဝတ်​ကို​ပြန်​လည်​ဝတ်​ဆင် လေ​၏။

20 ယု​ဒ​သည်​မိန်း​မ​ထံ​မှ​အာ​မ​ခံ​ပစ္စည်း​များ​ကို ပြန်​ယူ​ရန် သူ​၏​မိတ်​ဆွေ​ဟိရ​ကို​ဆိတ်​ငယ်​နှင့် အ​တူ​စေ​လွှတ်​လေ​၏။ ဟိ​ရ​သည်​မိန်း​မ​ကို ရှာ​မ​တွေ့​လျှင်၊-

21 ဧ​နိမ်​မြို့​သား​တို့​အား``လမ်း​ဘေး​၌​ထိုင်​လေ့ ရှိ​သော​ပြည့်​တန်​ဆာ​မ​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​လေ​၏။သူ​တို့​က``ဤ​အ​ရပ်​တွင်​ပြည့်​တန်​ဆာ​မ​ဟူ​၍ မ​ရှိ​ပါ'' ဟု​ပြန်​ဖြေ​ကြ​၏။

22 ထို​အ​ခါ​သူ​သည်​ယုဒ​ထံ​သို့​ပြန်​လာ​၍``ကျွန်ုပ် သည်​ထို​မိန်းမ​ကို​ရှာ​၍​မ​တွေ့​ပါ။ အ​ရပ်​သား​တို့ က​လည်း​ထို​နေ​ရာ​တွင်​ပြည့်​တန်​ဆာ​မ​ဟူ​၍ မ​ရှိ​ကြောင်း​ပြော​ပါ​သည်'' ဟု​ဆို​လေ​၏။