42 ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။-
43 ထို့နောက်ဒုတိယရထားတော်ကိုယောသပ်စီး ၍ သူ၏ကိုယ်ရံတော်တို့ကရထားရှေ့ကသွား လျက်``လမ်းဖယ်ကြ၊ လမ်းဖယ်ကြ'' ဟုအော်ဟစ် ကြ၏။ ထိုသို့ဖြင့်ယောသပ်သည်အီဂျစ်တစ် ပြည်လုံးကိုအုပ်ချုပ်ရသောဘုရင်ခံအဖြစ် ခန့်အပ်ခြင်းကိုခံရလေသည်။-
44 ထိုနောက်ဖာရောဘုရင်ကယောသပ်အား``ငါ သည်ဖာရောဘုရင်ဖြစ်၏။ အီဂျစ်တစ်ပြည် လုံးတွင်သင်၏ခွင့်ပြုချက်မရဘဲနှင့်အဘယ် သူမျှလက်ခြေကိုမကြွရ'' ဟုမိန့်တော်မူ၏။-
45-46 ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။-
47 ရိက္ခာပေါကြွယ်ဝသောခုနစ်နှစ်အတွင်း တွင် တိုင်းပြည်သည်သီးနှံထွက်အလွန်ကောင်း၏။-
48 ယောသပ်သည်ခုနစ်နှစ်အတွင်းလယ်များ မှထွက်သမျှသောစပါးသီးနှံများကို စုသိမ်း၍ မြို့များ၌သိုလှောင်ထားလေသည်။ လယ်များမှထွက်သောစပါးသီးနှံကိုနီး စပ်ရာမြို့အသီးသီးတွင်သိုလှောင်စေသည်။-
49 သူစုဆောင်းရရှိသောစပါးသီးနှံတို့သည် ပင်လယ်သဲလုံးတစ်မျှများလှသောကြောင့် မချင်တွယ်ဘဲထားရလေသည်။