ကမ္ဘာ​ဦး 42:17-23 BCL

17 သူ​တို့​အား​လုံး​ကို​သုံး​ရက်​ချုပ်​ထား​လေ​၏။

18 တ​တိ​ယ​နေ့​၌ ယော​သပ်​က​သူ​တို့​အား``ငါ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​ဖြစ်​၏။ သင် တို့​အ​သက်​ချမ်း​သာ​စေ​ရန် ဤ​သို့​ပြု​လုပ်​လော့။-

19 သင်​တို့​ရိုး​သား​ကြောင်း​ကို​သက်​သေ​ပြ​ရန်​သင် တို့​အ​နက်​တစ်​ယောက်​ယောက်​သည် ဤ​အ​ကျဉ်း ထောင်​ထဲ​၌​နေ​ရစ်​ခဲ့​ရ​မည်။ ကျန်​သော​သူ​တို့ က​ရိက္ခာ​ပြတ်​နေ​သော​သင်​တို့​၏​မိ​သား​စု အ​တွက် ဝယ်​ယူ​သော​စ​ပါး​ကို​ယူ​ဆောင်​သွား ကြ​လော့။-

20 ထို​နောက်​သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ ၏​စ​ကား​မှန်​ကန်​ကြောင်း​သိ​ရ​မည်။ သင်​တို့​သည် လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု ဆို​လေ​၏။သူ​တို့​သည်​ယော​သပ်​ပြော​သ​မျှ​သ​ဘော​တူ ကြ​၏။-

21 ထို​နောက်​သူ​တို့​အ​ချင်း​ချင်း​က``အ​ကယ်​စင်​စစ် ငါ​တို့​ညီ​အား​ပြု​ခဲ့​သ​မျှ​အ​တွက် ယ​ခု​ငါ​တို့ ခံ​ရ​ကြ​လေ​ပြီ။ သ​နား​ညှာ​တာ​ရန်​ငါ​တို့​၏​ညီ က​တောင်း​ပန်​သော​အ​ခါ ငါ​တို့​သည်​သူ​၏​စိတ် ဆင်း​ရဲ​ခြင်း​ကို​မြင်​လျက်​နှင့်​သူ့​အား​မ​သ​နား မ​ညှာ​တာ​ခဲ့​ချေ။ ထို့​ကြောင့်​ငါ​တို့​သည်​ယ​ခု ဝဋ်​လည်​နေ​ရ​ကြ​၏'' ဟု​ပြော​ဆို​ကြ​၏။

22 ထို​အ​ခါ​ရု​ဗင်​က``ငါ​သည်​သင်​တို့​အား​သူ​ငယ် ကို ဘေး​ဒုက္ခ​မ​ရောက်​စေ​ပါ​နှင့်​ဟူ​၍​သ​တိ​ပေး ခဲ့​သော်​လည်း​သင်​တို့​သည်​နား​မ​ထောင်​ကြ။ ထို့ ကြောင့်​ငါ​တို့​သည်​ယ​ခု​ဝဋ်​လည်​နေ​ရ​ကြ​ပြီ'' ဟု​ဆို​လေ​၏။-

23 သူ​တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​ယော​သပ် နား​လည်​၏။ ယော​သပ်​သည်​သူ​တို့​နှင့်​ပြော​ဆို​ရာ တွင်​စ​ကား​ပြန်​ကို​အ​သုံး​ပြု​သော​ကြောင့် သူ တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​သူ​နား လည်​မည်​မ​ဟုတ်​ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။