ကမ္ဘာ​ဦး 42:7-13 BCL

7 ယော​သပ်​သည်​သူ​၏​အစ်​ကို​တို့​ကို​မြင်​၍​မှတ် မိ​သော်​လည်း အစ်​ကို​တို့​ကို​မ​သိ​ဟန်​ဆောင် လျက်``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​ခက်​ထန်​စွာ​မေး​လေ​၏။သူ​တို့​က``ကျွန်​တော်​တို့​သည်​ရိက္ခာ​ဝယ်​ရန် ခါ​နာန်​ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​ကြ​၏။

8 ယော​သပ်​က​သူ​၏​အစ်​ကို​တို့​ဖြစ်​မှန်း​သိ သော်​လည်း သူ​တို့​က​ယော​သပ်​ကို​မ​သိ​ကြ။-

9 သူ​သည်​သူ​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​သော အိပ်​မက်​ကို​သ​တိ​ရ​၍``သင်​တို့​သည်​သူ​လျှို​များ ဖြစ်​၏။ ဤ​တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​ကြ​သူ​များ​ဖြစ်​သည်'' ဟု​စွပ်​စွဲ လိုက်​လေ​၏။

10 သူ​တို့​က``မ​ဟုတ်​ပါ​အရှင်၊ ကိုယ်​တော်​၏​ကျွန် တို့​သည်​ရိက္ခာ​ဝယ်​ယူ​ရန်​လာ​ကြ​ပါ​သည်။-

11 ကျွန်​တော်​တို့​သည်​ဖခင်​တစ်​ဦး​တည်း​မှ​ပေါက် ဖွား​သော​ညီ​အစ်​ကို​များ​ဖြစ်​ကြ​ပါ​သည်။ ကိုယ်​တော်​ကျွန်​တို့​သည်​သူ​လျှို​များ​မ​ဟုတ် ပါ။ ရိုး​သား​သူ​များ​ဖြစ်​ကြ​ပါ​သည်'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။

12 ယော​သပ်​က​လည်း``သင်​တို့​သည်​ရိုး​သား​သူ​များ မ​ဟုတ်။ တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​သူ​များ​ဖြစ်​ကြ​သည်'' ဟု​တစ်​ဖန် စွပ်​စွဲ​ပြန်​၏။

13 ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ကျွန်​တို့​သည် ခါ​နာန်​ပြည်​၌​နေ​ထိုင်​သော​တစ်​ယောက်​တည်း သော​သူ​၏ သား​တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ သည်။ ညီ​တစ်​ယောက်​သေ​ဆုံး​၍​ညီ​အ​ငယ်​ဆုံး သည် ယ​ခု​ဖ​ခင်​နှင့်​အ​တူ​ကျန်​ရစ်​ခဲ့​ပါ​သည်'' ဟု​လျှောက်​ကြ​၏။