ကမ္ဘာ​ဦး 45:17-23 BCL

17 ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​ညီ​အစ်​ကို တို့​အား မြည်း​များ​ပေါ်​တွင်​ပစ္စည်း​များ​တင်​ဆောင် ၍​ခါ​နာန်​ပြည်​သို့​ပြန်​စေ​ပြီး​လျှင်၊-

18 သူ​တို့​၏​အ​ဖ​နှင့်​မိ​သား​စု​များ​ကို​ဤ​ပြည်​သို့ ခေါ်​ဆောင်​ခဲ့​ကြ​စေ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​တွင်​အ​သင့်​တော်​ဆုံး​သော​အ​ရပ်​၌​နေ​ထိုင် စေ​မည်။ သူ​တို့​သည်​ဝ​လင်​စွာ​စား​သောက်​ရ​ကြ လိမ့်​မည်။-

19 သူ​တို့​၏​သား​မ​ယား​များ​ကို​တင်​ဆောင်​လာ​ရန် အ​တွက် အီ​ဂျစ်​ပြည်​မှ​လှည်း​များ​ကို​လည်း​ယူ သွား​ကြ​ပါ​စေ။-

20 သူ​တို့​ချန်​ခဲ့​ရ​သည့်​ပစ္စည်း​များ​အ​တွက်​နှ​မြော ခြင်း​မ​ဖြစ်​ကြ​စေ​နှင့်။ အီ​ဂျစ်​ပြည်​တွင်​ရှိ​သ​မျှ သော​စည်း​စိမ်​ဥစ္စာ​သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ ဖြစ်​မည်'' ဟု​မိန့်​မြွက်​လေ​၏။

21 ယာ​ကုပ်​၏​သား​တို့​သည်​ဖာ​ရော​ဘု​ရင်​မိန့်​သ​မျှ အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ ယော​သပ်​သည်​ဖာ​ရော ဘု​ရင်​အ​မိန့်​အ​ရ​သူ​တို့​အား​လှည်း​များ​နှင့် လမ်း​ခရီး​တွင်​စား​သုံး​ရန်​ရိက္ခာ​ကို​ပေး​လေ​၏။-

22 သူ​သည်​ညီ​အစ်​ကို​တစ်​ယောက်​စီ​တစ်​ယောက် စီ​တို့​အား​အ​ဝတ်​အ​ထည်​တစ်​စုံ​ကျ​ပေး​၏။ ဗင်္ယာ​မိန်​အ​တွက်​မူ​ကား​ငွေ​သား​သုံး​ရာ​နှင့် အ​ဝတ်​အ​ထည်​ငါး​စုံ​ပေး​လေ​၏။-

23 သူ​၏​အ​ဖ​အ​တွက်​မြည်း​ဆယ်​ကောင်​ပေါ်​တွင် အီ​ဂျစ်​ပြည်​မှ​အ​ကောင်း​ဆုံး​ပစ္စည်း​များ​ကို လည်း​ကောင်း၊ အ​ခြား​မြည်း​ဆယ်​ကောင်​ပေါ်​တွင် အ​ဖ​လမ်း​ခ​ရီး​၌​စား​ရန်​စပါး​နှင့်​အ​ခြား စား​ဖွယ်​ရာ​များ​ကို​လည်း​ကောင်း​တင်​ပေး လိုက်​၏။-