ကမ္ဘာ​ဦး 46:27-33 BCL

27 အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​၌​သား​နှစ်​ယောက် ဖွား​မြင်​၏။ သို့​ဖြစ်​၍​အီ​ဂျစ်​ပြည်​သို့​သွား ရောက်​သော ယာ​ကုပ်​၏​မိ​သား​စု​ဦး​ရေ​မှာ လူ​ပေါင်း​ခု​နစ်​ဆယ်​ယောက်​ဖြစ်​သ​တည်း။

28 ယာ​ကုပ်​သည်​ဂေါ​ရှင်​အ​ရပ်​၌​မိ​မိ​နှင့်​တွေ့ ဆုံ​ရန်​ယု​ဒ​ကို​ကြို​တင်​စေ​လွှတ်​၍ ယော​သပ် အား​ပြော​စေ​၏။ သူ​တို့​သည်​ဂေါ​ရှင်​အ​ရပ် သို့​ရောက်​ရှိ​ကြ​၏။-

29 ယော​သပ်​သည်​အ​ဖ​ဣ​သ​ရေ​လ​အား​ကြို​ဆို ရန်​ဂေါ​ရှင်​အ​ရပ်​သို့​ရ​ထား​ဖြင့်​သွား​လေ​၏။ ဖ​ခင်​ရှေ့​သို့​ရောက်​သော​အ​ခါ​ဖ​ခင်​ကို​ဖက် ၍​ကြာ​ရှည်​စွာ​ငို​ကြွေး​လေ​၏။-

30 ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​မျက်​နှာ ကို​မြင်​ရ​၍​သင်​အ​သက်​ရှင်​လျက်​ရှိ​သေး​သည် ကို​သိ​ရ​သ​ဖြင့်​သေ​ပျော်​ပါ​ပြီ'' ဟု​ဆို​လေ​၏။

31 ထို​နောက်​ယော​သပ်​က​သူ​၏​အစ်​ကို​တို့​နှင့် အ​ခြား​သား​ချင်း​တို့​အား``ကျွန်ုပ်​သည်​ဖာ​ရော ဘု​ရင်​ထံ​သို့​သွား​၍​ခါ​နာန်​ပြည်​မှ​ကျွန်​တော် မျိုး​၏​အ​ဖ​နှင့်​ညီ​အစ်​ကို​တို့​သည်​ကျွန်​တော် မျိုး​ထံ​သို့​ရောက်​ရှိ​လာ​ကြ​ပါ​ပြီ။-

32 သူ​တို့​သည်​သိုး​ထိန်း​များ​ဖြစ်​၍​တိ​ရစ္ဆာန်​များ ကို​ထိန်း​ကျောင်း​ရ​ပါ​သည်။ သူ​တို့​သည်​သိုး ဆိတ်​နှင့်​ရှိ​သ​မျှ​ပစ္စည်း​များ​ကို​ယူ​ဆောင်​ခဲ့ ကြ​ပါ​ပြီ​ဟု​လျှောက်​ထား​ပါ​မည်။-

33 ဖာ​ရော​ဘု​ရင်​က​သင်​တို့​ကို​ဆင့်​ခေါ်​၍ သင်​တို့​၏​အ​လုပ်​အ​ကိုင်​ကို​မေး​လျှင်၊-