ကမ္ဘာ​ဦး 47:14-20 BCL

14 ယော​သပ်​သည်​စ​ပါး​ရောင်း​ရာ​မှ​ရ​သော​ငွေ များ​ကို​စု​သိမ်း​၍ နန်း​တော်​ငွေ​တိုက်​သို့​ပေး သွင်း​လေ​၏။-

15 အီ​ဂျစ်​ပြည်​သား​နှင့်​ခါ​နာန်​ပြည်​သား​တို့ တွင်​စ​ပါး​ဝယ်​ရန်​ငွေ​ကုန်​သော​အ​ခါ အီ​ဂျစ် ပြည်​သား​တို့​သည်​ယော​သပ်​ထံ​သို့​လာ​၍``ကျွန် တော်​တို့​အား​စား​စ​ရာ​ပေး​ပါ။ ငတ်​၍​မ​သေ ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​တွင်​ရိက္ခာ​ဝယ်​ရန် ငွေ​မ​ကျန်​တော့​ပါ'' ဟု​လျှောက်​ကြ​လေ သည်။

16 ယော​သပ်​က``သင်​တို့​တွင်​ငွေ​ကုန်​လျှင် သင်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​များ​ကို​ယူ​ခဲ့​ကြ​လော့။ တိ​ရစ္ဆာန်​များ​ကို​စပါး​နှင့်​လဲ​လှယ်​ပေး​မည်'' ဟု​ဆို​လေ​၏။-

17 သူ​တို့​သည်​တိ​ရစ္ဆာန်​များ​ကို​ယော​သပ်​ထံ​သို့ ယူ​ဆောင်​ခဲ့​၍​ယော​သပ်​သည်​သူ့​တို့​၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်း​များ​ကို​စား​နပ်​ရိက္ခာ​နှင့်​လဲ လှယ်​ပေး​လေ​၏။ ထို​နှစ်​၌​ပြည်​သူ​ပြည်​သား တို့​သည် မိ​မိ​တို့​၏​တိ​ရစ္ဆာန်​ရှိ​သ​မျှ​ကို​စား နပ်​ရိက္ခာ​နှင့်​လဲ​လှယ်​ကြ​လေ​သည်။

18 ထို​နှစ်​ကုန်​၍​နောက်​တစ်​နှစ်​သို့​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ယော​သပ်​ထံ​သို့​လာ ကြ​ပြန်​၍``ကျွန်​တော်​တို့​လက်​တွင်​ငွေ​လည်း ကုန်​ကြောင်း၊ တိ​ရစ္ဆာန်​များ​လည်း​ကိုယ်​တော်​၏ လက်​ဝယ်​သို့​ရောက်​ရှိ​ကြောင်း ကိုယ်​တော်​အ​သိ ပင်​ဖြစ်​ပါ​သည်။ ယ​ခု​ကျွန်​တော်​တို့​၏​ကိုယ် နှင့်​ကျွန်​တော်​တို့​၏​လယ်​မြေ​များ​မှ​လွဲ​၍ ကိုယ်​တော်​အား​ပေး​ရန်​အ​ဘယ်​အ​ရာ​မျှ မ​ရှိ​တော့​ပါ။-

19 ကျွန်​တော်​တို့​အစာ​ငတ်​၍​မ​သေ​ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​လယ်​များ​လည်း​ပျက်​ပြုန်း​ခြင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကျွန်​တော်​တို့​အား​ရိက္ခာ​ပေး သည့်​အ​တွက် ကျွန်​တော်​တို့​နှင့်​ကျွန်​တော်​တို့​၏ လယ်​မြေ​များ​ကို​ဝယ်​တော်​မူ​ပါ။ ကျွန်​တော်​တို့ သည်​ဖာရော​ဘုရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်။ လယ်​မြေ များ​ကို​လည်း​ဘုရင်​လက်​သို့​အပ်​ပါ​မည်။ ကျွန် တော်​တို့​အ​သက်​မ​သေ​စေ​ရန်​လည်း​ကောင်း၊ လယ် များ​တွင်​စိုက်​ပျိုး​နိုင်​ရန်​လည်း​ကောင်း​စ​ပါး ကို​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​လေ​၏။

20 သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​လယ် မြေ​အား​လုံး​ကို ဖာ​ရော​ဘု​ရင်​အ​တွက်​ဝယ် ယူ​လေ​၏။ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုး​ရွား ခြင်း​ကြောင့်​အီ​ဂျစ်​ပြည်​သား​တိုင်း မိ​မိ​၏ လယ်​မြေ​ကို​ရောင်း​ရ​သ​ဖြင့်​လယ်​မြေ​အား လုံး​တို့​သည်​ဘု​ရင့်​ဘဏ္ဍာ​တော်​ဖြစ်​လာ​၏။-