ကမ္ဘာ​ဦး 47:20-26 BCL

20 သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​လယ် မြေ​အား​လုံး​ကို ဖာ​ရော​ဘု​ရင်​အ​တွက်​ဝယ် ယူ​လေ​၏။ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုး​ရွား ခြင်း​ကြောင့်​အီ​ဂျစ်​ပြည်​သား​တိုင်း မိ​မိ​၏ လယ်​မြေ​ကို​ရောင်း​ရ​သ​ဖြင့်​လယ်​မြေ​အား လုံး​တို့​သည်​ဘု​ရင့်​ဘဏ္ဍာ​တော်​ဖြစ်​လာ​၏။-

21 အီ​ဂျစ်​ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​နေ ထိုင်​သူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရင်​၏ ကျွန်​ဖြစ်​လာ​ကြ​၏။-

22 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘု​ရင်​ထံ​မှ​ရိက္ခာ အ​ထောက်​အ​ပံ့​ရ​သူ​များ​ဖြစ်​သော​ကြောင့် မိ​မိ တို့​လယ်​မြေ​များ​ကို​ရောင်း​ချ​ရန်​မ​လို။ ထို့ ကြောင့်​ယော​သပ်​သည်​သူ​တို့​၏​လယ်​မြေ​များ ကို​မ​ဝယ်​ယူ​ဘဲ​ချန်​လှပ်​ထား​လေ​သည်။-

23 ယော​သပ်​က​ပြည်​သား​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​နှင့်​သင်​တို့​၏​လယ်​မြေ​များ​ကို​ဘု​ရင့် အ​တွက်​ဝယ်​ယူ​ပြီး​ပြီ။ သင်​တို့​၏​လယ်​များ တွင်​စိုက်​ပျိုး​ရန်​မျိုး​စ​ပါး​ကို​ယူ​ကြ​လော့။-

24 စ​ပါး​ရိတ်​သိမ်း​သည့်​အ​ခါ​ငါး​ပုံ​တစ်​ပုံ​ကို ဘု​ရင့်​ထံ​ဆက်​ရ​မည်။ ကျန်​သော​စပါး​ကို​မျိုး စပါး​အ​တွက်​နှင့်​သင်​တို့​နှင့်​မိ​သား​စု​စား​သုံး ရန်​အ​တွက်​အ​သုံး​ပြု​ကြ​လော့'' ဟု​ဆို​လေ​၏။

25 ပြည်​သား​တို့​က``ကိုယ်​တော်​သည်​ကျွန်​တော်​တို့ ၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော် တို့​သည်​ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ​ပါ စေ​သော၊ သ​နား​ညှာ​တာ​တော်​မူ​ပါ​ပြီ။ ကျွန် တော်​တို့​သည်​ဘု​ရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။-

26 သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​တွင် အ​သီး​အ​နှံ​ထွက်​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ဖာ​ရော ဘု​ရင်​ထံ​ဆက်​ရ​မည်​ဟူ​သော​မြေ​ယာ​ဥ​ပ​ဒေ တစ်​ရပ်​ကို​ပြ​ဋ္ဌာန်း​ခဲ့​လေ​သည်။ ထို​ဥ​ပ​ဒေ သည်​ယ​နေ့​တိုင်​အောင်​အာ​ဏာ​တည်​လျက်​ရှိ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​ပိုင်​သော​လယ်​မြေ​များ​သာ လျှင်​ထို​ဥ​ပ​ဒေ​မှ​လွတ်​ကင်း​ခွင့်​ရှိ​သည်။