ကမ္ဘာ​ဦး 48:10-17 BCL

10 ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​အို​မင်း​ပြီ ဖြစ်​သော​ကြောင့် မျက်​စိ​မှုန်​၍​ကောင်း​စွာ​မ မြင်​နိုင်။ ယော​သပ်​သည်​သူ​၏​သား​များ​ကို ယာ​ကုပ်​အ​နီး​သို့​ခေါ်​ခဲ့​ရာ သူ​သည်​သူ​ငယ် များ​ကို​ဖက်​၍​နမ်း​ရှုပ်​လေ​၏။-

11 ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​ကို နောက်​တစ်​ဖန်​မြင်​ရ​ဦး​မည်​ဟု​မ​မျှော်​လင့် ခဲ့။ ဘု​ရား​သ​ခင်​သည်​ယ​ခု​ငါ့​အား​သင်​၏ သား​တို့​ကို​ပင်​မြင်​ခွင့်​ပေး​တော်​မူ​ပြီ'' ဟု ဆို​လေ​၏။-

12 ထို​နောက်​မိ​မိ​၏​သား​တို့​ကို​အဖ​၏​ဒူး​များ ကြား​မှ​ထုတ်​ပြီး​နောက် ယော​သပ်​သည်​အ​ဖ ၏​ရှေ့​၌​ဦး​ညွှတ်​ချ​လေ​၏။

13 ထို​နောက်​ဧ​ဖ​ရိမ်​ကို​ယာ​ကုပ်​၏​အ​နီး​လက်ဝဲ ဘက်​၌​လည်း​ကောင်း၊ မ​နာ​ရှေ​ကို​လက်​ယာ ဘက်​၌​လည်း​ကောင်း​ရပ်​စေ​၏။-

14 သို့​ရာ​တွင်​ယာ​ကုပ်​သည်​မိ​မိ​လက်​ကို​ယှက် ၍​သား​ငယ်​ဖြစ်​သူ ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ယာ​လက်​ကို​လည်း​ကောင်း၊ သား​ကြီး ဖြစ်​သူ​မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ဝဲ​လက်​ကို​လည်း​ကောင်း​တင်​၍၊

15-16 ယော​သပ်​အား​ကောင်း​ချီး​ပေး​လေ​သည်။``ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့်​အ​ဖ​ဣ​ဇာက်​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်၊ငါ့​ကို​ယ​နေ့​တိုင်​အောင်​စောင့်​ရှောက်​တော်​မူ​သောဘု​ရား​သ​ခင်၊​ငါ့​ကို​ဘေး​အန္တရာယ်​အပေါင်း​တို့​မှကယ်​တင်​တော်​မူ​သော​ကောင်း​ကင်​တ​မန်​သည်ဤ​သူ​ငယ်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ စေ​သော။ငါ​၏​နာ​မည်၊ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့် အ​ဖ​ဣ​ဇာက်​တို့​၏​နာ​မည်​သည်သူ​တို့​အား​ဖြင့်​တည်​မြဲ​နိုင်​ပါ​စေ​သော။သူ​တို့​၏​အ​ဆက်​အ​နွယ်​သည်​တိုး​ပွား များ​ပြား​ကြ​ပါ​စေ​သော။''

17 ယော​သပ်​သည်​အ​ဖ​က ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း ပေါ်​တွင်​လက်​ယာ​လက်​တင်​သည်​ကို​မြင်​ရ သော​အ​ခါ စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။ သူ​သည် ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ်​မှ အ​ဖ​၏​လက်​ကို မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​သို့​ပြောင်း​ရွှေ့​တင် စေ​လို​သ​ဖြင့်၊-