4 သင်သည်ရေကြီးချိန်၌စီးသောရေသဖွယ် ဖြစ်၏။သို့ရာတွင်သင်သည်သင့်အဖ၏မယားငယ် နှင့်အိပ်၍၊ သင့်အဖ၏အိပ်ရာကိုညစ်ညမ်းစေသဖြင့်သင်သည်သားတို့တွင်အကြီးအကဲမ ဖြစ်နိုင်။
5 ရှိမောင်နှင့်လေဝိတို့သည်ညီအစ်ကိုဖြစ် ကြ၏။သူတို့သည်လက်နက်များကိုအသုံးပြု ကာ အကြမ်းဖက်မှုပြုခဲ့ကြလေပြီ။
6 သူတို့သည်ဒေါသထွက်၍လူတို့ကိုသတ် လျက်နွားထီးများ၏ခြေတို့ကိုအပျော်သက်သက် ရိုက်ချိုးခဲ့ကြသောကြောင့်ငါသည်သူတို့၏လျှို့ဝှက်ကြံစည်မှု၌ ပါဝင်မည်မဟုတ်။သူတို့၏အစည်းအဝေးသို့လည်း တက်ရောက်မည်မဟုတ်။
7 သူတို့သည်ဒေါသပြင်းထန်၍အမျက်စူးရှ သဖြင့် ကျိန်စာသင့်ခြင်းခံရကြပါစေသတည်း။ငါသည်သူတို့အားဣသရေလပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်။မိမိလူမျိုးများထဲတွင်လူစုကွဲစေမည်။
8 ယုဒ၊သင့်ညီအစ်ကိုတို့ကသင့်အား ချီးကူး ထောမနာပြုကြလိမ့်မည်။သင်သည်ရန်သူတို့၏လည်မျိုကိုချုပ်ကိုင် ထား၏။သင်၏ညီအစ်ကိုတို့ကသင့်အားဦးညွှတ် ရမည်။
9 ယုဒသည်သားကောင်ကိုသတ်၍သားရဲတွင်းသို့ပြန်လာသောခြင်္သေ့ကဲ့သို့ ကိုယ်ကိုစန့်လျက်ဝပ်လျက်ရှိ၏။မည်သူကမျှသူ့အားမနှောင့်ယှက်ဝံ့။
10 ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။