11 အခြားသောသူအပေါင်းတို့သည်ကားဘုရားသခင်ရှေ့တော်၌ဆိုးယုတ်သူများဖြစ်ကြ၏။ သူတို့၏အကြမ်းဖက်မှုသည်အရပ်ရပ်သို့ ကူးစက်ပျံ့နှံ့လျက်ရှိ၏။-
12 ဘုရားသခင်သည်ကမ္ဘာမြေကြီးကိုကြည့်ရှု တော်မူသောအခါ လူအပေါင်းတို့သည်အကျင့် ပျက်ဆိုးယုတ်လျက်ရှိသည်ကိုတွေ့မြင်တော် မူလေ၏။
13 ထိုအခါဘုရားသခင်သည်နောဧအား``ငါ သည်လူသတ္တဝါအားလုံးကိုသုတ်သင်ရန်ဆုံး ဖြတ်ပြီးပြီ။ ကမ္ဘာမြေကြီးသည်သူတို့၏ပြစ် မှုများဖြင့်ပြည့်နှက်လျက်ရှိသဖြင့် သူတို့ကို အကုန်အစင်သေကြေပျက်စီးစေမည်။-
14 သင့်အတွက်သင်္ဘောတစ်စင်းကိုသစ်သားကောင်း ဖြင့်တည်ဆောက်လော့။ အခန်းများဖွဲ့၍အတွင်း အပြင်ကိုကတ္တရာစေးသုတ်လော့။-
15 သင်္ဘောကိုအလျားပေလေးရာငါးဆယ်၊ အနံ ပေခုနစ်ဆယ့်ငါး၊ အမြင့်ပေလေးဆယ်ငါး ရှိစေရမည်။-
16 သင်္ဘောအပေါ်၌အမိုးတင်၍သင်္ဘောနံဘေး ပတ်လည်ကို အမိုးနှင့်တစ်ဆယ်ရှစ်လက်မကွာ စေရမည်။ အထပ်သုံးထပ်အဆင့်ဆင့်တည်၍ ဘေးဘက်တွင်တံခါးတစ်ပေါက်ဖောက်ရမည်။-
17 သက်ရှိသတ္တဝါရှိသမျှတို့ကိုသေကြေပျက် စီးစေရန် ကမ္ဘာမြေကြီးပေါ်မှာရေလွှမ်းမိုးစေ မည်။ ကမ္ဘာမြေကြီးပေါ်တွင်ရှိရှိသမျှတို့သေ ကြေပျက်စီးရမည်။-