ကမ္ဘာ​ဦး 6:14-21 BCL

14 သင့်​အ​တွက်​သင်္ဘော​တစ်​စင်း​ကို​သစ်​သား​ကောင်း ဖြင့်​တည်​ဆောက်​လော့။ အ​ခန်း​များ​ဖွဲ့​၍​အ​တွင်း အ​ပြင်​ကို​ကတ္တ​ရာ​စေး​သုတ်​လော့။-

15 သင်္ဘော​ကို​အ​လျား​ပေ​လေး​ရာ​ငါး​ဆယ်၊ အ​နံ ပေ​ခု​နစ်​ဆယ့်​ငါး၊ အ​မြင့်​ပေ​လေး​ဆယ်​ငါး ရှိ​စေ​ရ​မည်။-

16 သင်္ဘော​အ​ပေါ်​၌​အ​မိုး​တင်​၍​သင်္ဘော​နံ​ဘေး ပတ်​လည်​ကို အ​မိုး​နှင့်​တစ်​ဆယ်​ရှစ်​လက်​မ​ကွာ စေ​ရ​မည်။ အ​ထပ်​သုံး​ထပ်​အ​ဆင့်​ဆင့်​တည်​၍ ဘေး​ဘက်​တွင်​တံ​ခါး​တစ်​ပေါက်​ဖောက်​ရ​မည်။-

17 သက်​ရှိ​သတ္တ​ဝါ​ရှိ​သ​မျှ​တို့​ကို​သေ​ကြေ​ပျက် စီး​စေ​ရန် ကမ္ဘာ​မြေ​ကြီး​ပေါ်​မှာ​ရေ​လွှမ်း​မိုး​စေ မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ရှိ​ရှိ​သ​မျှ​တို့​သေ ကြေ​ပျက်​စီး​ရ​မည်။-

18 သို့​ရာ​တွင်​ငါ​သည်​သင်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​မည်။ သင် နှင့်​တ​ကွ​သင်​၏​မ​ယား၊ သား​များ​နှင့်​သူ​တို့ ၏​မ​ယား​တို့​အား​သင်္ဘော​ပေါ်​သို့​တက်​စေ​လော့။-

19-20 အ​သက်​ချမ်း​သာ​ရာ​ရ​စေ​ရန်​တိရစ္ဆာန်​နှင့်​ငှက် အ​မျိုး​မျိုး​မှ အ​ဖို​နှင့်​အ​မ​တစ်​စုံ​စီ​တို့​ကို သင်​နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​စေ​လော့။-

21 သင်​တို့​နှင့်​တိရစ္ဆာန်​များ​အ​တွက်​အ​စား အ​စာ​အ​မျိုး​မျိုး​ကို​ယူ​ဆောင်​လော့'' ဟု မိန့်​တော်​မူ​၏။-