5 ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
6 လူကိုဖန်ဆင်း၍မြေကြီးပေါ်တွင်နေထိုင် စေခဲ့ခြင်းကြောင့် စိတ်မသာဖြစ်တော်မူ၏။-
7 ကိုယ်တော်သည်လွန်စွာစိတ်မသာဖြစ်တော်မူ သဖြင့် ``ငါဖန်ဆင်းခဲ့သောလူတို့ကို ကမ္ဘာပေါ် မှငါသုတ်သင်ပစ်မည်။ တိရစ္ဆာန်နှင့်ငှက်တို့ကို လည်းငါသုတ်သင်ပစ်မည်။ သူတို့ကိုဖန်ဆင်း မိ၍ ငါသည်စိတ်တော်မချမ်းမသာဖြစ်ရ ၏'' ဟုမိန့်တော်မူ၏။-
8 နောဧသည်ကားထာဝရဘုရားစိတ်တော် နှင့်တွေ့သောသူဖြစ်သတည်း။
9-10 နောဧအကြောင်းအရာကိုဖော်ပြပေအံ့။ နောဧတွင်ရှေမ၊ ဟာမနှင့်ယာဖက်ဟူ၍သား သုံးယောက်ရှိ၏။ သူသည်အပြစ်ကင်း၍ထိုခေတ် လူအပေါင်းတို့တွင် သူတစ်ယောက်တည်းသာ လျှင်သူတော်ကောင်းဖြစ်၏။ သူသည်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့၍သက်ရှင်နေ ထိုင်၏။-
11 အခြားသောသူအပေါင်းတို့သည်ကားဘုရားသခင်ရှေ့တော်၌ဆိုးယုတ်သူများဖြစ်ကြ၏။ သူတို့၏အကြမ်းဖက်မှုသည်အရပ်ရပ်သို့ ကူးစက်ပျံ့နှံ့လျက်ရှိ၏။-
12 ဘုရားသခင်သည်ကမ္ဘာမြေကြီးကိုကြည့်ရှု တော်မူသောအခါ လူအပေါင်းတို့သည်အကျင့် ပျက်ဆိုးယုတ်လျက်ရှိသည်ကိုတွေ့မြင်တော် မူလေ၏။