ကမ္ဘာ​ဦး 7:5-12 BCL

5 နော​ဧ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​လေ​၏။

6 ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​ရေ​လွှမ်း​မိုး​သော​အ​ခါ နော​ဧ​သည်​အ​သက်​ခြောက်​ရာ​ရှိ​သ​တည်း။-

7 နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​များ​နှင့်​ချွေး​မ များ​သည် ရေ​လွှမ်း​မိုး​ခြင်း​ဘေး​မှ​လွတ်​မြောက် ရန်​သင်္ဘော​ထဲ​သို့​ဝင်​ရောက်​ကြ​၏။-

8-9 ဘု​ရား​သ​ခင်​မိန့်​မှာ​သည့်​အ​တိုင်း​သန့်​စင်​သော တိရစ္ဆာန်​နှင့်​ငှက်၊ မ​သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​မှ တစ်​မျိုး​လျှင် အ​ဖို​နှင့်​အ​မ​အ​စုံ​တို့​သည် နော​ဧ​နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-

10 ခု​နစ်​ရက်​ကြာ​သော်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် ရေ​လွှမ်း​လေ​၏။

11 နော​ဧ​အ​သက်​ခြောက်​ရာ​ပြည့်​သော​နှစ်၊ ဒု​တိ​ယ လ​တစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​သ​မုဒ္ဒ​ရာ​စမ်း​ပေါက် တို့​ပွင့်​လေ​၏။ မိုး​ကောင်း​ကင်​ရေ​တံ​ခါး​အား​လုံး တို့​လည်း​ပွင့်​သ​ဖြင့်၊-

12 ကမ္ဘာ​မြေ​ကြီး​တွင်​အ​ရက်​လေး​ဆယ်​ကြာ​မျှ နေ့​ည​မ​ပြတ်​မိုး​ရွာ​သွန်း​လေ​၏။-