10 ခုနစ်ရက်စောင့်ဆိုင်းနေပြီးလျှင်ထိုချိုးငှက် ကိုအပြင်သို့တစ်ဖန်လွှတ်လိုက်၏။-
11 ညနေချမ်းအချိန်တွင်ချိုးငှက်သည်နှုတ်သီးဖြင့် သံလွင်ရွက်စိမ်းကိုကိုက်ချီလျက်နောဧထံသို့ ပြန်လာ၏။ ထို့ကြောင့်ရေကျပြီဖြစ်ကြောင်း နောဧသိရှိရလေ၏။-
12 နောဧသည်ခုနစ်ရက်ထပ်၍စောင့်ဆိုင်းနေပြီး နောက် ထိုချိုးငှက်ကိုအပြင်သို့လွှတ်လိုက်ပြန် ရာဤတစ်ကြိမ်တွင်ပြန်၍မလာတော့ချေ။
13 နောဧအသက်ခြောက်ရာတစ်နှစ်ရှိသောအခါ ပထမလတစ်ရက်နေ့တွင်မြေပြင်ပေါ်၌ရေ ခန်းလေ၏။ နောဧသည်သင်္ဘောအမိုးကိုဖွင့်၍ အပြင်ဘက်သို့မျှော်ကြည့်သည့်အခါမြေ ပြင်မှာခြောက်သွေ့စရှိကြောင်းတွေ့မြင်ရ၏။-
14 ဒုတိယလနှစ်ဆယ့်ခုနစ်ရက်နေ့တွင်မြေပြင် သည်လုံးဝခြောက်သွေ့လေ၏။
15 ဘုရားသခင်ကနောဧအား၊
16 ``သင်သည်သင်၏မယား၊ သားများ၊ ချွေးမများ နှင့်တကွသင်္ဘောထဲမှထွက်ကြလော့။-