ကမ္ဘာ​ဦး 9:12-18 BCL

12 သင်​နှင့်​တ​ကွ​သက်​ရှိ​သတ္တ​ဝါ​အား​လုံး​တို့​နှင့် ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​အ​ဖြစ်​ဖြင့်၊-

13 မိုး​တိမ်​ထဲ​၌​ငါ​၏​သက်​တံ့​ကို​ပေါ်​စေ​မည်။ ထို​သက်​တံ​သည်​ကမ္ဘာ​လော​က​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​လိမ့်​မည်။-

14 ငါ​သည်​မိုး​ကောင်း​ကင်​သို့​တိမ်​များ​တက်​လာ​စေ​၍ တိမ်​ထဲ​တွင်​သက်​တံ့​ပေါ်​လာ​သည့်​အ​ခါ​တိုင်း၊-

15 သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​နောက်​တစ်​ဖန်​ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ဒဏ်​ဖြင့် မ​သေ​ကြေ​မ​ပျက်​စီး​ရ​ဟု​သင်​တို့​နှင့်​တ​ကွ​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အား​ငါ​ထား​သော​ကတိ​ကို​သ​တိ​ရ​မည်။-

16 တိမ်​များ​ထဲ​၌​သက်တံ့​ပေါ်​လာ​သော​အ​ခါ ထို​သက်​တံ့​ကို​ငါ​မြင်​ရ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့်​ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သ​တိ​ရ​မည်' ဟူ​၍​ဖြစ်​သည်။-

17 ဤ​သည်​ကား​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့် ငါ​ပြု​သော​က​တိ​တော်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

18 သင်္ဘော​ထဲ​မှ​ထွက်​လာ​ခဲ့​ကြ​သော​နော​ဧ​၏​သား​များ​မှာ​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​တို့​ဖြစ်​ကြ​၏။ (ဟာ​မ​သည်​ခါ​နာန်​၏​အ​ဖ​ဖြစ်​၏။-)