ကမ္ဘာ​ဦး 9:2-8 BCL

2 တိ​ရစ္ဆာန်၊ ငှက်၊ ငါး​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ကြောက်​ရွံ့​ရ​ကြ​လိမ့်​မည်။ ထို​သတ္တ​ဝါ​တို့​ကို​သင်​တို့​လက်​၌​ငါ​အပ်​ပေး​၏။-

3 သင်​တို့​သည်​ထို​သတ္တ​ဝါ​နှင့်​အ​သီး​အ​ရွက်​တို့​ကို​စား​သုံး​နိုင်​ကြ​၏။ ထို​အ​ရာ​အား​လုံး​ကို​သင်​တို့​စား​သုံး​ရန်​ငါ​ပေး​၏။-

4 သင်​တို့​မ​စား​ရ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​အ​ရာ​ကား​သွေး​ပါ​ရှိ​သည့်​အ​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သွေး​၌​အ​သက်​တည်​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-

5 လူ့​အ​သက်​ကို​သတ်​သော​သူ​အား​ဒဏ်​ခံ​စေ​မည်။ လူ​ကို​သတ်​သော​တိ​ရစ္ဆာန်​အား​ငါ​သည်​သေ​ဒဏ်​ခံ​စေ​မည်။-

6 လူ​ကို​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော်​မူ​သ​ဖြင့် လူ​ကို​သတ်​သော​သူ​အား​လူ့​လက်​ဖြင့်​သတ်​လိမ့်​မည်။

7 ``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

8 ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​သူ​၏​သား​တို့​အား၊-