ကမ္ဘာ​ဦး 9:23-29 BCL

23 ထို​အ​ခါ​ရှေ​မ​နှင့်​ယာဖက်​တို့​သည်​ဝတ်​ရုံ​တစ်​ထည်​ကို မိ​မိ​တို့​၏​ပ​ခုံး​များ​ပေါ်​တွင်​တင်​၍​ယူ​ခဲ့​ကြ​၏။ သူ​တို့​သည်​တဲ​ထဲ​သို့​ကျော​ခိုင်း​ဝင်​လာ​ကြ​ပြီး​လျှင် သူ​တို့​၏​ဖ​ခင်​အား​လွှမ်း​ခြုံ​ပေး​ကြ​၏။ ဖ​ခင်​ကိုယ်​တုံး​လုံး​ရှိ​သည့်​အ​ဖြစ်​ကို​မ​မြင်​စေ​ရန် မျက်​နှာ​လွှဲ​ထား​ကြ​၏။-

24 နော​ဧ​အ​မူး​ပြေ​၍​သ​တိ​ရ​လာ​သ​ဖြင့် အ​ငယ်​ဆုံး​သား​ပြု​မူ​ပုံ​ကို​သိ​ရှိ​ရ​သော​အ​ခါ၊

25 ``ခါ​နာန်​သည်​ကျိန်​စာ​သင့်​ပါ​စေ​သော။သူ​သည်​အစ်​ကို​တို့​ထံ​တွင်​ကျွန်​ခံ​ရ​ပါ​စေ​သော။

26 ရှေ​မ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စေ​သ​တည်း။ခါ​နာန်​သည်​ရှေ​မ​၏​ကျွန်​ဖြစ်​ရ​ပါ​စေ​သော။

27 ဘု​ရား​သ​ခင်​သည်​ယာ​ဖက်​ကို​ချီး​မြှင့်​ပါ​စေ​သော။သူ​၏​အ​ဆက်​အ​နွယ်​တို့​သည်​ရှေ​မ​၏​အ​မျိုး​အ​နွယ်​နှင့်​အ​တူ​နေ​ရ​ပါ​စေ​သော။ခါ​နာန်​သည်​ယာ​ဖက်​၏​ကျွန်​ဖြစ်​ရ​ပါ​စေ​သော'' ဟု​ဆို​လေ​၏။

28 ရေ​လွှမ်း​မိုး​ခြင်း​ဘေး​လွန်​ပြီး​နောက်​နော​ဧ​သည် နှစ်​ပေါင်း​သုံး​ရာ​ငါး​ဆယ်​ဆက်​လက်​အ​သက်​ရှင်​နေ​ထိုင်​၍၊-

29 အ​သက်​ကိုး​ရာ​ငါး​ဆယ်​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။