1-2 ထိုနောက်ထာဝရဘုရားသည်ယောနအား``ထ လော့၊ နိနေဝေမြို့ကြီးသို့သွားလော့။ ငါမှာ သည့်အတိုင်းမြို့သူမြို့သားတို့အားသတိ ပေးလော့'' ဟုဒုတိယအကြိမ်အမိန့်ပေး တော်မူ၏။-
3 သို့ဖြစ်၍ယောနသည်ထာဝရဘုရား၏ အမိန့်တော်ကိုနာခံ၍နိနေဝေမြို့ကို သွား၏။ နိနေဝေမြို့သည်အလွန်ကြီးရ ကားထိုမြို့ကိုတစ်ဘက်မှတစ်ဘက်သို့ ဖြတ်လျှောက်လျှင်သုံးရက်ခရီးကြာ၏။-
4 ယောနသည်နိနေဝေမြို့သို့ရောက်၍မြို့တွင်း သို့တစ်နေ့ခရီးဝင်ပြီးနောက်``နိနေဝေမြို့ သည်အရက်လေးဆယ်ကြာသောအခါ ပျက်လိမ့်မည်'' ဟုကြေညာလေ၏။
5 နိနေဝေမြို့သူမြို့သားတို့သည်ဘုရားသခင်၏အမိန့်တော်ကိုယုံကြ၏။ သို့ဖြစ်၍ နောင်တရသည့်လက္ခဏာဖြင့်ဂုဏ်ရှိဂုဏ်မဲ့ တစ်ယောက်မကျန်အစာရှောင်၍လျှော်တေ ကိုဝတ်ကြရန်ဆုံးဖြတ်ကြ၏။
6 ထိုကြေညာချက်ကိုနိနေဝေမင်းကြား တော်မူသောအခါ ရာဇပလ္လင်ပေါ်မှထ၍ ဝတ်လဲတော်ကိုချွတ်ပြီးလျှင်လျှော်တေကို ဝတ်တော်မူ၏။ ထိုနောက်ပြာထဲတွင်ထိုင် နေတော်မူ၏။-
7 ထိုနောက်နိနေဝေဘုရင်သည်နိနေဝေမြို့ သူမြို့သားတို့သိကြစေရန်အမိန့်တော် ကိုထုတ်ပြန်လိုက်၏။ ထုတ်ပြန်ချက်မှာ``ဤ အမိန့်ကားဘုရင်နှင့်မှူးမတ်များထံမှ ဖြစ်၏။ အဘယ်သူမျှအစားအစာမစားရ၊ လူအားလုံးနှင့်တိရစ္ဆာန်အားလုံးတို့သည် အစာမစားရ၊ ရေမသောက်ရ။-
8 လူနှင့်တိရစ္ဆာန်အပေါင်းတို့သည်လျှော်တေ ကိုဝတ်ရကြမည်။ လူတိုင်းပင်စိတ်အားထက် သန်စွာဘုရားသခင်ထံဆုတောင်းရမည်။ ထို့ပြင်မိမိတို့၏မကောင်းမှုများနှင့်အဋ္ဌမ္မ မှုများကိုစွန့်ပစ်ရကြမည်။-
9 သို့မှသာဘုရားသခင်၏စိတ်တော်ပြောင်း လဲကောင်းပြောင်းလဲလိမ့်မည်။ အမျက်တော် ပြေကောင်းပြေလိမ့်မည်။ ငါတို့သည်လည်း အသက်ချမ်းသာရာရနိုင်မည်'' ဟူ၍ဖြစ်၏။