15 သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောယော်ဒန်မြစ်အနောက်ဘက် ရှိပြည်ကိုသိမ်းပိုက်နိုင်သည်အထိ သူတို့ အားကူညီတိုက်ခိုက်ရမည်။ ဣသရေလအနွယ် တို့ငြိမ်းချမ်းစွာနေထိုင်ရသောအခါ၌ သင် တို့သည်ထာဝရဘုရား၏အစေခံမောရှေပေး သောယော်ဒန်မြစ်အရှေ့ဘက်ရှိပြည်သို့ပြန် နိုင်သည်'' ဟုဆို၏။
16 ထိုသူတို့က``အကျွန်ုပ်တို့သည်ကိုယ်တော် မှာကြားသမျှကိုလိုက်နာ၍ ကိုယ်တော် စေလွှတ်ရာအရပ်သို့သွားပါမည်။-
17 မောရှေ၏စကားကိုနားထောင်သကဲ့သို့ ကိုယ်တော်၏စကားကိုနားထောင်ပါမည်။ ထာဝရအရှင်ဘုရားသခင်သည်မောရှေ နှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။-
18 ကိုယ်တော်၏အာဏာကိုဖီဆန်၍အမိန့် ကိုမနာခံသောသူအား သေဒဏ်ခံစေ ပါမည်။ သို့ဖြစ်၍အားမာန်တင်း၍ ရဲရင့် ခြင်းရှိတော်မူပါ'' ဟု ဖြေကြားကြ၏။